32 C
Yangon

မုံရွာ အခြေစိုက် NDRF တပ်ဖွဲ့က စခန်းသိမ်း တိုက်ပွဲများ ဆင်နွှဲနိုင်ရန် ကျည် ၂၀၀၀ ကမ်ပိန်း ပြုလုပ်နေပြီး ပြည်သူများ ပူးပေါင်းပါဝင်ကြရန် မေတ္တာရပ်ခံ

Must read

မုံရွာ အခြေစိုက် NDRF တပ်ဖွဲ့က စခန်းသိမ်း တိုက်ပွဲများ ဆင်နွှဲနိုင်ရန် ကျည် ၂၀၀၀ ကမ်ပိန်း ပြုလုပ်နေပြီး ပြည်သူများ ပူးပေါင်းပါဝင်ကြရန် မေတ္တာရပ်ခံ

ရန်ကုန်၊ အောက်တိုဘာ ၁

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်သိမ်း ပိုက်နိုင်ရန် ကျည်အင်အား မလုံလောက်မှုဖြစ်နေသဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် မုံရွာခရိုင် တပ်ရင်း ၂၁ ၊ တပ်ခွဲ ၂ – NDRF တာဝန်ခံကို ကိုစစ်နိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံမှ တဆင့်မေတ္တာရပ်ခံ ပြောကြားသည်။

မုံရွာခရိုင် အမှတ် ၂၁ တပ်ရင်း တပ်ခွဲ ၂ Ngwe Dwin Revolution Force တပ်ဖွဲ့တွင် အကြမ်းဖက် စစ် ကောင်စီတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဆင်နွှဲသည့်အခါ ကျည်မလုံလောက်မှုပြသနာ ကြုံ တွေ့နေရကြောင်း၊ ဆက်လက်၍ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်သိမ်း ပိုက်နိုင်ရန် စီစဉ်နေပြီး ကျည်လုံလောက်မှုရှိစေရန် ကမ်ပိန်းပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

ပါဝင်ကူညီပေးမည့်မိဘပြည်သူများအနေဖြင့် –

https://www.facebook.com/profile.php?id=100086784836357…

NDRF အထောက်အပို့ညီကိုများ

https://www.facebook.com/profile.php?id=61551830727113…

#https://www.facebook.com/profile.php?id=100094466694588

#https://www.facebook.com/ygbeie.ygbeie?mibextid=ZbWKwL

Telegram

https://t.me/+959790802561

တို့မှ တဆင့်ဆက်သွယ်ကူညီပေးကြပါရန် မေတ္တာရပ်ခံထားသည်။

“တိုက်ပွဲဆင်နွှဲတိုင်း ကျည်မလုံလောက်လို့ ပြန်ဆုတ်ခဲ့ရတာတွေရှိတယ်၊ အခုဆိုရင် ပွင့်လင်းရာသီရာ ရောက်တာနဲ့ ကျည်လုံလုံလောက်လောက်နဲ့ ခုခံတိုက်ခိုက်နိုင်ဖို့၊ စခန်းသိမ်းတိုက်ပွဲဆင်နိုင်ဖို့ ကြိုတင် ပြင်ရင်း ကမ်ပိန်းပြုလုပ်ရတာပါ၊ ကမ်ပိန်းလေးကို မိဘပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်ပေးကြပါအုံး မေတ္တာရပ်ခံချင်ပါတယ်” ဟု မုံရွာခရိုင် တပ်ရင်း ၂၁ ၊ တပ်ခွဲ ၂ – NDRF တာဝန်ခံကို ကိုစစ်နိုင်က ပြော ကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article