31 C
Yangon

ဆားလင်းကြီးမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများ အရေးပေါ် မိုးကာများ လိုအပ်နေပြီး မိုးထဲရေထဲ အိပ်စက်နေရ

Must read

ဆားလင်းကြီးမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများ အရေးပေါ် မိုးကာများ လိုအပ်နေပြီး မိုးထဲရေထဲ အိပ်စက်နေရ

ရန်ကုန်၊ အောက်တိုဘာ ၁

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် စစ်ဘေးရှောင် ပြည်သူများ အရေးပေါ် အကူအညီ လိုအပ်နေပြီး မိုးထဲရေထဲ အိပ်စက်နေရကြောင်း အညာပစ်တိုင်းထောင်များ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လပိုင်းက စတင်ကာ ညောင်ပင်ကြီးကျေးရွာအုပ်စုရှိ ရွာများကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးမှုကြောင့် ၄ လကျော်ကြာ စစ်ဘေး တိမ်းရှောင်နေရသည့် ပြည်သူများသည် လက်ရှိချိန်ထိ နေရပ် မပြန်နိုင်သေးဘဲ လမ်းဘေးကွင်းပြင်များတွင် အမိုးအကာ မရှိဘဲ အိပ်စက်ကာ စစ်ရှောင်နေရကြောင်း သိရသည်။

” ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးအုပ်စုကို စစ်ခွေးတွေ မီးရှို့ ဖျက်စီးသွားလို့ စစ်ဘေးရှောင် ပြည်သူတွေအတွက် လိုအပ်ချက် များစွာရှိနေတယ်။ မြို့နယ်အတွင်း အမိုးအကာ မလုံလောက်တဲ့ အိမ်ထောင်စု ၁၀၀ ကျော်ရှိနေပါတယ်။ တခြားမြို့နယ်က စစ်ဘေးရှောင်များလည်း ဆားလင်းကြီးမြို့နယ်အတွင်း ခိုလုံနေရပြီး အမိုးအကာများ လိုအပ်နေပါတယ်” ဟု အညာပစ်တိုင်းထောင်လေးများ အဖွဲ့က တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

စစ်ဘေးရှောင် ပြည်သူများကို လှူဒါန်းလိုသော ပြည်သူများအနေဖြင့် အညာပစ်တိုင်းထောင်များအဖွဲ့ ၏ Facebook Page ကို ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article