25 C
Yangon

ဖလမ်းမြို့နယ်ရှိ စစ်တပ်၏ ထင်းရူးစခန်းမှ တပ်သား ၁ ဦး ဗုံးသီးနှင့် ကျည်များ ယူဆောင်လာပြီး အလင်းဝင်

Must read

ဖလမ်းမြို့နယ်ရှိ စစ်တပ်၏ ထင်းရူးစခန်းမှ တပ်သား ၁ ဦး ဗုံးသီးနှင့် ကျည်များ ယူဆောင်လာပြီး အလင်းဝင်

ရန်ကုန်၊ အောက်တိုဘာ ၂

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ထင်းရူးစခန်းမှ တပ်သား ၁ ဦးသည် ဗုံးသီးနှင့် ကျည်များ ယူဆောင်လာပြီး အလင်းဝင်လာကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) က ထုတ်ပြန်ထားသည်။

စက်တင်ဘာလ ၂၆ ရက်နေ့တွင် ဖလမ်းမြို့နယ်၊ ကလေး-ဖလမ်း ကားလမ်းမပေါ်ရှိ ထင်းရူးစခန်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်မှ အသက် ၁၇ နှစ်အရွယ် တပ်သား ၁ ဦးသည် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) ထံ အလင်းဝင်လာကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်သားသည် M1 ကျည်ဆံ ၃၄၅ တောင့် ၊ လက်ပစ်ဗုံး ၁ လုံး ၊ ၄၀ မမဗုံးသီး ၂ လုံး ယူဆောင်လာပြီး လက်ရှိချိန်တွင် လွတ်မြောက် နယ်မြေသို့ ပို့‌ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article