25 C
Yangon

ရေးမြို့နယ်၊ ခမရ ၅၉၁ တပ်အနီး ပစ်ခတ်ခံရပြီး သေဆုံးသူမှာ တပ်ရေး ဗိုလ် ကြီး ဝင်းထွန်းဦး ဖြစ်ကြောင်း အတည်ပြု

Must read

ရေးမြို့နယ်၊ ခမရ ၅၉၁ တပ်အနီး ပစ်ခတ်ခံရပြီး သေဆုံးသူမှာ တပ်ရေး ဗိုလ် ကြီး ဝင်းထွန်းဦး ဖြစ်ကြောင်း အတည်ပြု

ရန်ကုန်၊ အောက်တိုဘာ ၂

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခမရ ၅၉၁ တပ်ဝင်းအနီး ပစ်ခတ်ခံရပြီး သေဆုံး သွား သူ မှာ စစ်တပ်၏ ဒုတပ်ရင်းမှူး မဟုတ်ဘဲ ခမရ ၅၈၃ တပ်မှ တပ်ရေး ဗိုလ်ကြီးဝင်းထွန်းဦး ဖြစ်ကြောင်း တောင်းပိုင်းတိုင်း၊ ဒုစစ်ဒေသခွဲမှူး ရုံးမှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

စက်တင်ဘာလ ၃၀ ရက်နေ့ နေ့လယ်ပိုင်းက ရေးမြို့နယ်၊ ခမရ ၅၉၁ နှင့် ခမရ ၅၈၃ တပ်ဝန်း ၂ ခုကြား ကျောင်းရွာအနီးသို့ ရောက်လာသော အကြမ်း ဖက် စစ်ကောင်စီတပ်မှ ကားတစ်စီးကို ရေးဘီလူး တပ်ဖွဲ့ ပစ်ခတ်ရာ တပ်ရေး ဗိုလ်ကြီးနှင့် တပ်သား ၂ ဦးတို့ နေရာမှာပင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ သေဆုံး သူ တပ်ရေးဗိုလ်ကြီးမှာ ခမရ ၅၈၃ တပ်မှ ဝင်းထွန်းဦးဖြစ်ပြီး ခမရ ၅၉၁ တပ်နှင့် ကပ်လျက်ရှိ သည့် တပ်တစ်ခုဖြစ် ကြောင်း သိရသည်။

အဆိုပါ တပ်ရေးဗိုလ်ကြီးသည် ရေးမြို့နယ်၊ ကံလှကျေးရွာသို့ လာရောက်စဉ် ပစ်ခတ်ခံရခြင်းဖြစ် သည် ဟု ခိုင်လုံသော တပ်တွင်းသတင်းများအရ သိရှိရ ကြောင်း၊ ထိုသို့ ပစ်ခတ်ရှင်းစဉ် တပ်ဝင်းနှင့် အလွန်နီး ကပ်နေသဖြင့် လက်နက်၊ ပစ္စည်း၊ အသုံးအဆောင်များ သိမ်းဆည်းနိုင်ခြင်းမရှိခဲ့ကြောင်း တောင်ပိုင်း တိုင်း၊ အမှတ် ၃ စစ်ဒေသခွဲ၊ ဒုစစ်ဒေသခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်း ဌာနထံ သို့ပြောဆိုသည်။

မော်လမြိုင်-ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုကားလမ်းမတစ်လျှောက် နယ်မြေဒေသစိုးမိုးရေးနှင့် ခရီးသွားပြည်သူများ လုံခြုံစိတ်ချစွာသွားလာ နိုင်ရေး အတွက် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ဝင်များမှ နေ့ စဉ် စစ်ဆေးလျက်ရှိပြီး မော်လမြိုင်၊ မုဒုံ၊ ရေး၊ သံဖြူဇရပ်၊ ထားဝယ်၊ မြိတ်လမ်းကို အသုံးပြု သွား လာ နေသည့် မော်တော်ယာဉ်များအနေဖြင့် စစ်ဆေခြင်းကို ကြည်ဖြူစွာ လက်ခံပေး ကြပါရန်၊ အကြမ်း ဖက် စစ်ကောင်စီနှင့် ပတ်သက်သော လူ၊ ပစ္စည်းများ တင်ဆောင်ခြင်းမပြုလုပ်ရန်၊ ပြည်သူများအနေဖြင့် လည်း အကြမ်းဖက် စစ်ကောင်စီတပ် ယာဉ်များနှင့် လိုက်ပါစီးနင်းခြင်း မပြုလုပ်ကြရန်နှင့် အခြား တိုင်း ရင်း သား တော်လှန်ရေး တပ်ဖွဲ့ဝင်များအနေဖြင့်လည်း စစ်ဆေးခြင်းကို ကြည်ဖြူစွာလက်ခံပေးကြပါရန် တောင်ပိုင်းတိုင်း၊ အမှတ် ၃ စစ်ဒေသခွဲ၊ ဒုစစ် ဒေသ ခွဲမှူးရုံး (JOC) က မေတ္တာရပ်ခံထားသည်။

ဓာတ်ပုံ- စစ်ကောင်စီတပ်ရင်းတစ်ခု၏ ဝါဒဖြန့် မုခ်ဦးတစ်ခု။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article