26 C
Yangon

ဆားလင်းကြီးမြို့မှ ထွက်လာသည့် စစ်ယာဥ်တန်း၏ ရှေ့ပြေးအဖွဲ့ကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

Must read

ဆားလင်းကြီးမြို့မှ ထွက်လာသည့် စစ်ယာဥ်တန်း၏ ရှေ့ပြေးအဖွဲ့ကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၅

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့မှ ထွက်လာသည့် အကြမ်းဖက် စစ်ယာဥ်တန်း၏ ရှေ့ပြေးအဖွဲ့ကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ယင်းမာပင်ခရိုင်အမှတ် ၂၉ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၆ မိနစ်ခန့်တွင် ဆားလင်းကြီးမြို့မှ ထွက်လာသည့် အကြမ်းဖက် စစ်တပ် ယာဥ်တန်း၏ ရှေ့ပြေးအဖွဲ့ကို ဘိုက်သရက်ရွာအနောက်ဘက်ရှိ လျှော်ဖြူခြံအနီးတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မိုင်းဆွဲ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၃ ဦးသေဆုံးပြီး ၂ ဦးပြင်းထန် ဒဏ်ရာရရှိကာ အကြမ်းဖက် စစ်တပ်ဘက်မှ MI 35 ရဟတ်ယာဥ်ဖြင့် လာရောက် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

“ဆားလင်းကြီးမြို့က ထွက်လာတဲ့ စစ်ခွေး ယာဥ်တန်းရဲ့ ရှေ့ပြေး အဖွဲ့ကို ဘိုက်သရက်ရွာ အနောက်ဘက် လျှော်ဖြူခြံအနီးမှာ ရှေ့ထွက်မိုင်းတွေနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာ ၃ ဦး သေဆုံးတယ်။ ၂ ဦးဒဏ်ရာ ပြင်းထန်တယ်” ဟု ယင်းမာပင်ခရိုင်အမှတ် ၂၉ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း ၂၉ ဒေါင်းမင်း ပြည်သူ့ကာကွယ်ရေး တပ်တပ်ခွဲ ၂ တပ်ခွဲ ၃ က လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article