25 C
Yangon

စလင်းမြို့နယ်တွင် ဆိုင်ကယ်ဖြင့် ကင်းလှည့်နေသော ရဲများကို မိုင်းဆွဲ တိုက်ခိုက်

Must read

စလင်းမြို့နယ်တွင် ဆိုင်ကယ်ဖြင့် ကင်းလှည့်နေသော ရဲများကို မိုင်းဆွဲ တိုက်ခိုက်

ရန်ကုန်၊ အောက်တိုဘာ ၅

မကွေးတိုင်း၊ စလင်းမြို့နယ်တွင် ဆိုင်ကယ်ဖြင့် ကင်းလှည့်နေသော ရဲများကို မိုင်းဆွဲ တိုက်ခိုက်ခဲ့​ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပကဖ-စလင်း မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၅ ရက်နေ့ နံနက် အစောပိုင်း ၁ နာရီ ၃၈ မိနစ်တွင် စလင်းမြို့နယ်၊ ဆင်ကိုးကောင် ဘုရားအနီးတွင် ဆိုင်ကယ်ဖြင့် ကင်းလှည့်နေသော ရဲများကို စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-စလင်း မှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မိုင်းဆွဲ တိုက်ခိုက်မှုအတွင်း ဆိုင်ကယ် ၁ စီးသည် နေရာတွင် မှောက်လျက်လဲပြီး ဆိုင်ကယ် ၂ စီးမှ ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ – စလင်း) မှ ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေး ၂ ကောင်ကတော့ မိုင်းထိတဲ့ နေရာမှာ မှောက်လျက်သားပဲ အထိအခိုက်ရှိတယ်။ သေဆုံးမှုရှိမရှိတော့ မသိရဘူး။ ဒီနေ့ မွန်းလွဲ ၁၂ နာရီ အထိ မြို့တွင်းပိတ်ဆို့စစ်ဆေးထားတွေ လုပ်နေတုန်းပဲ” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပကဖ-စလင်း မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article