38 C
Yangon

ပဲခူး၊ ဒေးစွန်ပါ သာသနာ့နယ်မြေတွင် PDF များ ဝင်ရောက်ခိုအောင်း ဆိုသည့် အကြောင်း ပြချက်ဖြင့် သန်လျင် ခလရ ၉၀ မှ ဗိုလ်ကြီး ဦးဆောင်၍ ဘုရား၊ စေတီ၊ ကျောင်းဆောင်းများကို ဖျက်ဆီး၊ ကော့မှူးမြို့နယ်၊ ဇလုပ်ကြီး ကျေး ရွာမှ ရွာသားတချို့ကို အလုပ်သမားအဖြစ် ငှားရမ်း ဖျက်ဆီး

Must read

ပဲခူး၊ ဒေးစွန်ပါ သာသနာ့နယ်မြေတွင် PDF များ ဝင်ရောက်ခိုအောင်း ဆိုသည့် အကြောင်း ပြချက်ဖြင့် သန်လျင် ခလရ ၉၀ မှ ဗိုလ်ကြီး ဦးဆောင်၍ ဘုရား၊ စေတီ၊ ကျောင်းဆောင်းများကို ဖျက်ဆီး၊ ကော့မှူးမြို့နယ်၊ ဇလုပ်ကြီး ကျေး ရွာမှ ရွာသားတချို့ကို အလုပ်သမားအဖြစ် ငှားရမ်း ဖျက်ဆီး

ရန်ကုန်၊ အောက်တိုဘာ ၅

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ဝမ်းဘဲအင်းကျေးရွာ ၊ ဒေးစွန်ပါ သာသနာ့နယ်မြေတွင် PDF များ ဝင်ရောက်ခိုအောင်းနေသည်ဆိုသော အကြောင်းပြချက်ဖြင့် သန်လျင် ခလရ ၉၀ မှ ဗိုလ်ကြီး သန့်ဇင်ဦး ဦးဆောင်သော အဖွဲ့က ဘုရား၊ စေတီနှင့် သာသနိက အဆောက်အအုံများကို ဖျက်ဆီးလျက်ရှိကြောင်း ၊ ကော့မှူးမြို့ နယ်၊ ဇလုပ်ကြီးကျေးရွာမှ ရွာသားတချို့ကို အလုပ်သမားအဖြစ် ငှားရမ်း အသုံးပြုလျက်ရှိကြောင်း ကော့မှူး ဒေသပြည်သူတချို့က ပြောဆိုသည်။

ဒေးစွန်ပါ သာသနာ့နယ်မြေမှ ဘုရား၊ စေတီနှင့် ကျောင်းဆောင်များကို ဦးဆောင် ဖျက်ဆီးသူ ခလရ ၉၀ မှ ဗိုလ်ကြီး သန့်ဇင်ဦးသည် ကော့မှူးမြို့နယ်၊ ဇလုပ်ကြီးကျေးရွာမှ ဖြစ်ပြီး ၎င်းကိုယ်တိုင် ဦးဆောင်၍ ရွာသားတချို့ကို ငှားရမ်းကာ ဒေးစွန်ပါ သာသနာနယ်မြေတွင် ဖျက်ဆီးမှုများ လုပ်ဆောင် နေခြင်းဖြစ်ကြောင်း၊ ဘုရားစေတီများကို ဖျက်ဆီးနေသူ ဗိုလ်ကြီး သန့်ဇင်ဦး သည် မကြာခင်က ကားမှောက်ခဲ့ပြီး ဒဏ်ရာရရှိခဲ့ရာမှ ပြန်လည် ကောင်းမွန် လာသူဖြစ်ကြောင်း သိရှိရသည်။

” ကော့မှူးမြို့နယ်က အလုပ်သမားတွေကို တစ်နေ့ တစ်သောင်း စရိတ်ငြိမ်းပေး ပြီး ခေါ်သွားတာ။ တစ်ပတ်တစ်ခါ ပဲခူးနဲ့ကော့မှူးကိုအသွားပြန်လုပ်နေတာ။

ဘုရားစေတီးတွေ ဖျက်ဆီး သံချောင်းတွေ ရောင်းစားရုံတင်မကဘူး ၊ အဲ့ဒီက ၀ါးတောတွေပါရှင်းပြီး ရောင်းစားနေကြတာ။ ဒေးစွန်ပါမှာ အဓိက သီတင်းသုံး တဲ့ ဆရာတော်၊ သံဃာတော် ၄ ပါးကို ခလရ ၉၀ ဗိုလ်ကြီးက နှင်လွှတ်တယ်။ သံဃာတွေက ဝါတော်အတော်ကြီးနေပြီ။ ဝါးတောရှင်းဖို့ဆိုပြီး ခေါ်သွားတာ ဟိုရောက်မှ ဘုရား စေတီတွေ ဖျက်ခိုင်းလို့ ရွာသားတချို့ ပြန်လာကြတယ်။ ဘုရားဖြိုရမယ်ဆိုလို့ တချို့ ပြန်လာကြတာ” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။

ဒေးစွန်ပါ သာသနာ့နယ်မြေမှ ဘုရား၊ စေတီ၊ ပုထိုးများကို ဦးဆောင်ဖြိုဖျက်သူ ခလရ ၉၀ မှ ဗိုလ်ကြီး၏ ဇနီးနှင့်ကလေးမှာ ခလရ ၉၀ တွင် နေထိုင်ခြင်းမရှိဘဲ ကော့မှူးမြို့နယ်၊ ဇလုပ်ကြီးကျေးရွာတွင်သာ နေထိုင်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article