33 C
Yangon

မြိုင်မြို့နယ်၊ ကန်နီရွာရှိ ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၁ ဦးသေဆုံး

Must read

မြိုင်မြို့နယ်၊ ကန်နီရွာရှိ ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၁ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၅

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီရွာရှိ ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ၁ ဦးသေဆုံးခဲ့ကြောင်း Pakokku North PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၄ ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်တွင် မြိုင်မြို့နယ် ၊ ကန်နီရွာရှိ ပျူစောထီးများကို မောင်းသူမဲ့ လေယာဥ်ငယ် ဒရုန်းများဖြင့် မီးလောင်ဗုံး၊ အီနာဂါများ ကျဲချ တိုက်ခိုက်ခဲ့ရာ အီနာဂါဗုံး ပေါက်ကွဲခြင်းကြောင့် ပျူစောထီး ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

” မြိုင်မြို့နယ် ကန်နီရွာက ပျူစောထီးတွေကို တိုက်ခိုက်ခဲ့တာပါ။ ပျူစောထီး ၁ ကောင်သေတယ်လို့ သိရတယ်” ဟု Pakokku North PDF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုတွင် ပခုက္ကူခရိုင်တပ်ရင်း ၁၇ မှ လျှပ်စီး ပြောက်ကျားတပ်ဖွဲ့နှင့် Pakokku North PDF တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article