26.8 C
Yangon

ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာပျူစောထီး စစ်စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

Must read

ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာပျူစောထီး စစ်စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ အောက်တိုဘာ ၇

စစ်ကိုင်းတိုင်း ၊ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာပျူစောထီး စစ်စခန်းကို လက် နက် ကြီး များဖြင့် ပစ်ခတ် တိုက် ခိုက်ခဲ့ကြောင်း Brother Defense Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ အောက်တိုဘာလ ၆ ရက် ည ၈ နာရီခန့်က အကြမ်းဖက် စစ်ကောင် စီတပ်သား၊ ပျူစောထီး များ ပူးပေါင်းတပ်ဖွဲ့ထားသည့် ယင်းမာပင်မြိုနယ်၊ ဘန့်ဘွေးရွာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ၆၀ မမ၊ ၈၀ မမ လက်နက် ကြီး များ အသုံးပြုပြီး အဆိုင်း ၉ ဆိုင်းဖြင့် ပစ်ခတ်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီးများ ထိခိုက်မှုရှိနိုင်ကြောင်း၊ အကြမ်းဖက်စစ်တပ်က လက်နက်ကြီး များဖြင့် ပြန်လည် ပစ်ခဲ့သည့်အ ပြင် ကင်းထောက်ဒရုန်းများဖြင့်ပါ ပျံသန်း ကင်း ထောက်ခဲ့ကြောင်း သိရသည်။

“အထိအခိုက်အသေအဆုံးတော့ မသိရသေးဘူးဗျ၊ ဒုတိယပစ်တဲ့လက်နက်ကြီး အလုံးရွာထဲကျပြီး တော့ အော်သံတွေ၊ ဆူညံသံတွေကြားရတယ်၊ စစ်ခွေးတွေ ဘက်က ကင်းထောက်ဒရုန်းနဲ့ ကင်းထောက်ပြီး ၆၀ မမ နဲ့ပြန်ပစ်တာ၊ ကျနော် တို့ ရှေ့မှာ တည့်တည့်လာကျတာ၊ ရဲဘော်တွေတော့အထိအခိုက်မရှိပါဘူး၊ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု Brother Defense Force မှ တာဝန်ရှိသူက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်တပ်ရင်း ၁၆ တပ်ခွဲ ၁ – Brother Defense Force၊ မဲမှောင် ပျောက်ကြားတပ်ဖွဲနှင့် ယင်းမာပင်-ဆားလင်းကြီး လက်နက်ကြီးမဟာမိတ်တပ်ပေါင်းစု တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

ဓာတ်ပုံ- စစ်ရေးပစ်မှတ်များကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်နေသော PDF တစ်ဦး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article