25 C
Yangon

ပဲခူးမြို့ မြစ်ရေကြီးနေမှု ရေပြန်မကျဘဲ ရေများ ထပ်မံတိုးလာနေ၊ နှစ်ပေါင်း ၆၀ အတွင်း အဆိုးရွားဆုံး ရေကြီးမှုကို ပဲခူးမြို့ပြည်သူများ ကြုံတွေ့နေရ

Must read

ပဲခူးမြို့ မြစ်ရေကြီးနေမှု ရေပြန်မကျဘဲ ရေများ ထပ်မံတိုးလာနေ၊ နှစ်ပေါင်း ၆၀ အတွင်း အဆိုးရွားဆုံး ရေကြီးမှုကို ပဲခူးမြို့ပြည်သူများ ကြုံတွေ့နေရ

ရန်ကုန်၊ အောက်တိုဘာ ၉

ပဲခူးတိုင်း၊ ပဲခူးမြို့နယ် တွင် မြစ်ရေကြီးမှု အခြေအနေမှာ ယနေ့ အောက်တို ဘာလ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီကျော်လာသည့်အချိန်တွင် ရေပြန်မကျဘဲ ရေများ ထပ်မံတိုးလာနေကြောင်း၊ ပဲခူးမြို့၏ နေရာအများစုတွင် ရေများ ဖုံးလွှမ်းနေပြီး အချို့ရပ်ကွက်များတွင် အိမ်များလုံး၀ နစ်မြှုပ်သွားကြောင်း၊ ပဲခူးဆေးရုံကြီးတွင်လည်း ရေများ ဝင်ရောက်နေသဖြင့် လူနာများ ပြောင်းရွှေ့ နေရမှုများ ရှိနေကြောင်း သိရှိရသည်။

“ရေတွေက တိုးလာနေတယ်။ ပဲခူးမြို့ထဲကို ရေတွေက ဖြတ်စီးနေတာ။ မြစ်ရေက ကျမသွားဘူး။ ထပ်တိုးလာနေတယ်။ စိုးရိမ်ရေမှတ်ကိုလည်း တော်တော်ကျော်နေပြီ။ ပဲခူးဘက်မှာရှိတဲ့ ဆည်တွေ အကုန်လုံးကလည်း ရေတွေ ပြည့်နေလို့ ရေတွေ ဖောက်ချရတယ်လို့ သိရတယ်။ ပဲခူးမြစ် တာရိုး လည်းကျိုးသွားတယ်။ နှစ်ပေါင်း ၆၀ လောက်အတွင်းမှာ အဆိုးဝါးဆုံး ရေကြီးမှု ကြုံနေရတာ” ဟု ပဲခူးမြို့တွင် ကယ်ဆယ်ရေး လုပ်ဆောင်နေသူ ပရဟိတသမား တစ်ဦးက ပြောဆိုသည်။

လတ်တလောတွင် ပဲခူးမြို့နေရာအများစုတွင် ရေကြီးနေရာ ပိတ်မိနေသည့် ပြည်သူများ ရှိနေပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေကြောင်း၊ ရေများ ထပ်မံမြင့်တက်လာသဖြင့် ညပိုင်းအချိန် စိုးရိမ် ရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article