25 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၀ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၀ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ အောက်တိုဘာ ၁၀ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

-ကချင်ပြည်နယ်၊ KIA/KIO ဌာနချုပ်ရှိရာလိုင်ဇာကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်ရာ ကလေးငယ် ၁၃ ဦးအပါအဝင် ပြည်သူ ၃၂ ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရရှိသူလည်းများပြားတယ်လို့ KIA သတင်းရင်းမြစ်နဲ့လိုင်ဇာဒေသခံတချို့ဆီက သိရပါတယ်။

– တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ အရှေ့တောဒေသက အကြမ်းဖက်စစ်တပ်နဲ့ တရုတ်နိုင်ငံသားပိုင် ကုမ္ပဏီတို့ပူးပေါင်း လုပ်ကိုင်ခဲ့တဲ့ သံသတ္တုမိုင်းလုပ်ငန်းခွင်တစ်ခုကို ကော်သူးလေတပ်မတော်က မီးရှို့ရှင်းလင်းခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီကသိရပါတယ်။

– ဒိန်းမတ်နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ဟောင်းဟာ ဘန်ကောက်မြို့က ၎င်းနေအိမ်မှာ ဓားဒဏ်ရာသုံးချက်နဲ့ သေဆုံးခဲ့မှုနဲ့ပတ်သက်ပြီး သံသယရှိသူ မြန်မာလူငယ်တစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေတဲ့ သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article