25 C
Yangon

ပြင်ဦးလွင်မြို့ရှောင်လမ်းဘေးရှိ နေအိမ်များကို စစ်တပ်က သိမ်းယူပြီး အတင်း အဓမ္မဖယ်ရှားခိုင်း၍ ပြည်သူများ ကိုယ့်အိမ်ကို ကိုယ် ဖျက်သိမ်းပေးနေရ

Must read

ပြင်ဦးလွင်မြို့ရှောင်လမ်းဘေးရှိ နေအိမ်များကို စစ်တပ်က သိမ်းယူပြီး အတင်း အဓမ္မဖယ်ရှားခိုင်း၍ ပြည်သူများ ကိုယ့်အိမ်ကို ကိုယ် ဖျက်သိမ်းပေးနေရ

ရန်ကုန်၊ အောက်တိုဘာ ၁၀

မန္တလေးတိုင်း၊ ပြင်ဦးလွင် မြို့ရှောင်လမ်းဘေး ဗြုန်းကျင်း ခေါ် အင်ကြင်း တောင်နေရာကို အကြမ်းဖက်စစ်တပ်က သိမ်းယူပြီး အဆိုပါ နေရာတွင် နေထိုင်သူများကို ၅ ရက်အတွင်းရွှေ့ပြောင်းရန် လာရောက်ခြိမ်းခြောက်သွား၍ ပြည်သူများမှာ ၎င်းတို့၏ နေအိမ်များကို ၎င်းတို့ကိုယ်တိုင် ဖျက်သိမ်းနေရကြောင်း နေအိမ်ဖျက်သိမ်းပေးနေရသည့် ပြည်သူများထံမှ သိရှိရသည်။

ပြင်ဦးလွင် မြို့ရှောင်လမ်းတွင် နှစ်ပေါင်းများစွာ အခြေချ နေထိုင်ခဲ့ကြခြင်းဖြစ်ပြီး နှစ်ပေါင်း ၃၀ နီးပါး နေထိုင်ခဲ့ပြီဖြစ်ကြောင်း၊ ယခုအခါ လုံခြုံရေး အကြောင်းပြ၍ စစ်တပ်က ဖယ်ရှားခိုင်းခြင်းဖြစ်ပြီး ဖျက်သိမ်းပေးရမည့် အိမ်ခြေ ၁၅၀ ဝန်းကျင်ရှိကာ လူဦးရေ ၈၀၀ အိုးမဲ့အိမ်မဲ့ဖြစ်ကြရကြောင်း သိရှိရသည်။

“မဖယ်ပေးရင် ဘူဒိုဇာနဲ့ လာထိုးမယ်လို့ ခြိမ်းခြောက်တာတွေ ရှိတယ်။ အောက်တိုဘာ ၅ ရက်နေ့က လာပြောတယ်။ ဒီနေ့ အောက်တိုဘာ ၁၀ ရက်နေ့ကို အပြီးဖယ်ပေးရမယ်ဆိုပြီး။ နှစ်ပေါင်း ၃၀ လောက်နေလာတဲ့ လူတွေ ရှိပါတယ်။ လိုင်းပေါ်တင်ရင် အရေးယူမယ်မှာထားခဲ့တယ်။ ကိုယ့်အိမ်ကို ဖျက်နေကြတယ်” ဟု အဆိုပါဒေသတွင် နေထိုင်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ပြောကြားသည်။

အဆိုပါ နေရာကို စစ်တပ်က အဆင့်မြင့် ကော်ဖီခြံလုပ်မည်ဖြစ်၍ ဖယ်ရှားခိုင်း ခြင်းဖြစ်နိုင်သည်ဟု ကြားသိရကြောင်း၊ လက်ရှိအချိန်တွင် ပြည်သူများ၏ ဖျက်သိမ်းနေရသည့် နေအိမ်များကို အဟောင်းဆိုင်များက လာဝယ်နေကြပြီး အိမ်ကောင်းလျှင် ၂ သိန်းမှ ၄ သိန်းအထိသာ ရရှိကြောင်း အဆိုပါဒေသတွင် နေထိုင်သူများထံမှ သိရှိရသည်။

ဓာတ်ပုံ- မန္တလေးတွင် ပြည်သူများ၏ နေအိမ်များကို လွန်ခဲ့သော လများ အတွင်း စစ်တပ်က အတင်းအဓမ္မ ဖျက်ဆီးနေစဉ်။ (ပုံအဟောင်း ဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article