25 C
Yangon

စစ်တပ်ပိုင် အောင်ဘာလေထီ အပါအဝင် ကုန်စည်နှင့် ဝန်ဆောင်မှု ၈ မျိုးကို ဒုတိယ ခြေလှမ်းအဖြစ် ထပ်တိုး သပိတ်မှောက်ကြရန် တော်လှန်ရေး အင်အားစုများ တောင်းဆို

Must read

စစ်တပ်ပိုင် အောင်ဘာလေထီ အပါအဝင် ကုန်စည်နှင့် ဝန်ဆောင်မှု ၈ မျိုးကို ဒုတိယ ခြေလှမ်းအဖြစ် ထပ်တိုး သပိတ်မှောက်ကြရန် တော်လှန်ရေး အင်အားစုများ တောင်းဆို

ရန်ကုန်၊ အောက်တိုဘာ ၁၀

အကြမ်းဖက် စစ်တပ်ပိုင် အောင်ဘာလေထီ အပါအဝင် ကုန်စည်နှင့် ဝန်ဆောင်မှု ၈ မျိုးကို ဒုတိယ ခြေလှမ်းအဖြစ် ထပ်တိုး သပိတ်မှောက်၍ ပြည်သူများ မသုံးစွဲကြရန် တော်လှန်ရေး အင်အားစုများက တောင်းဆိုလိုက်ကြောင်း သိရသည်။

စစ်တပ် ထုတ်ကုန် မသုံးစွဲရေး ပထမ ခြေလှမ်းအောင်ခဲ့ပြီး ကောက်ယူခဲ့သော စစ်တမ်းများအရ ပြည်သူများ ညီညွတ်စွာ သပိတ်မှောက်နိုင်ကြောင်း၊ ဖက်ဆစ် စစ်တပ်သည် အရှက်သိက္ခာမဲ့စွာ ၎င်းပိုင် ပစ္စည်းများ မရောင်းမနေရ မတရားအမိန့် ထုတ်ခြိမ်းခြောက်သည့်တိုင် ဝယ်လိုအား

ကျဆင်းခဲ့ကြောင်း သိရသည်။

ဒုတိယခြေလှမ်းအဖြစ် ပြည်သူလူထု အနေဖြင့် ပြတ်ပြတ်သားသား ဆန့်ကျင်၊ သပိတ်မှောက်ကြရန် အသစ်ထပ်တိုး ရွေးချယ်ထားသည့် ဖက်ဆစ်တပ်ပိုင် ကုန်စည်နှင့် ဝန်ဆောင်မှု လုပ်ငန်း ၈ မျိုးမှာ

၁။ အောင်ဘာလေ ထီ

၂။ နန်းမြိုင် တံဆိပ် ကော်ဖီမျိုးစုံ

၃။ ရွှေဖီဦး တံဆိပ် အသင့်ဖျော် လက်ဘက်ရည်၊ လီမွန်တီး

၄။ ရွှေမန်းသူ အမြန်ကားလိုင်း

၅။ ရွှေမြိုင်သူ အမြန်ကားလိုင်း

၆။ ပုသိမ်သူ အမြန်ကားလိုင်း

၇။ သန်မြန်သူ အမြန်ကားလိုင်း

၈။ ရှမ်းမလေး အမြန်ကားလိုင်း

တို့ ဖြစ်ပြီး အထက်ပါ အမည်စာရင်းကို မြင်သည်နှင့် မည်သည့် အတွက်ကြောင့် ဦးတည် ပစ်မှတ်ထား ရွေးချယ်ရသည်ကို ပြည်သူများ အနေဖြင့် သဘောပေါက်၊ နားလည်ကြမည် ဖြစ်ကြောင်း၊ အဆိုပါ အရာများသည် ဖက်ဆစ် စစ်တပ် တပ်ပိုင် ကုန်စည်နဲ့ ဝန်ဆောင်မှု လုပ်ငန်းပေါင်း များစွာထဲမှ ပြည်သူလူထု နေ့စဉ်ဘဝ လက်တကမ်းတွင် အနီးဆုံး တွေ့နေ မြင်နေ ပတ်သက်နေရခြင်းဖြစ်​​သည်။

အထက်ပါ ဖက်ဆစ် စစ်တပ်ပိုင် ကုန်စည်နှင့် ဝန်ဆောင်မှု လုပ်ငန်း အသစ် ၈ မျိုးအပြင် ပထမခြေလှမ်းတွင် ပါဝင်ခဲ့သည့် တပ်ပိုင် အရက်၊ ဘီယာ၊ စီးကရက် ကုန်စည် ၈ မျိုးကိုလည်း ဆက်လက် စဉ်ဆက်မပြတ် သပိတ်မှောက်၊ ဆန့်ကျင်နေကြရမည် ဖြစ်ကြောင်း၊ အဆိုပါ အရက်၊ ဘီယာ၊ စီးကရက် ၈ မျိုးမှာ

၁။ မြန်မာ ဘီယာ (Myanmar Beer)

၂။ အတ်(ထ)မန် တံဆိပ် အရက်၊ ဘီယာ၊ အချိုရည် (Andaman Gold)

၃။ ဒဂုံ တံဆိပ် အရက်၊ ဘီယာ၊ အချိုရည် (Dagon)

၄။ မန္တလေး ဘီယာ၊ ရမ် (Mandalay)

၅။ ဘလက်ရှီး စတောက်ဘီယာ (Black Shield Stout)

၆။ အာမီရမ် (Army Rum)

၇။ Red Ruby စီးကရက်

၈။ Premium Gold စီးကရက်

တို့ဖြစ်ပြီး သပိတ်မှောက်ရေး လူထု (Boycott) လှုပ်ရှားမှုကြီးကို ဒုတိယခြေလှမ်းတွင် ဦးတည်ဖြိုဖျက်သွားမည့် ဖက်ဆစ်တပ် ထုတ်ကုန် စုစုပေါင်း ၁၆ မျိုးရှိပြီးဖြစ်ကြောင်း သိရသည်။

ဘဏ္ဍာရေးစစ်မျက်နှာဟု ပြောမည်ဆိုပါက မျက်နှာစာ ၂ ခု ရှိပြီး တစ်ခုသည် ဖက်ဆစ်ဝင်ငွေ ဖြတ်တောက်ကြရန်နှင့် နောက်တစ်ခုသည် တော်လှန်ရေးအတွက် လိုအပ်နေသည့် ငွေကြေးရန်ပုံငွေနှင့် ပြည်သူ့ဘဏ္ဍာစနစ်များကို တည်ဆောက်နိုင်ကြရန်ဖြစ်ကြောင်း၊ အဆိုပါ လှုပ်ရှားမှုကြီး တစုံလုံး၏ ကြွေးကြော်သံကို ကြည့်လျှင် ပေါ်လွင်ပြီး “ဖက်ဆစ်ဝင်ငွေ ဖြတ်တောက်၊ ပြည်သူ့ဘဏ္ဍာ တည်ဆောက်” ရေးဖြစ်ကြောင်း သိရှိရသည်။

တော်လှန်ရေးကာလတွင် NUG အစိုးရက နွေဦးဖွံ့ဖြိုးရေးဘဏ် (Spring Development Bank – SDB) ကို တည်ထောင်ထားပြီး SDB ဘဏ်သည် လက်ရှိတော်လှန်ရေးအတွက် လိုအပ်နေသည့် ငွေကြေးရန်ပုံငွေကို ဖြည့်ဆည်းရန်အပြင် ပြည်သူ့ဘဏ္ဍာစနစ် (System) ကိုပါ တပါတည်း တည်ဆောက်နိုင်ရေး ကြိုးပမ်းမှုတရပ်ဟု နားလည်ရှုမြင်ကြောင်း၊ တချက်ခုတ် နှစ်ချက်ပြတ် ကြိုးပမ်းချက်ဖြစ်ပြီး ပြည်တွင်းပြည်ပ ပြည်သူအားလုံးအနေဖြင့် SDB ဘဏ်တွင် ဘဏ်အကောင့် ဖွင့်လှစ်ကြရန် အသုံးပြုကြရန် အထူးတိုက်တွန်းနှိုးဆော်လိုကြောင်း၊ ဘဏ္ဍာရေးစစ်မျက်နှာ၊ ဘူးသပိတ်လှုပ်ရှားမှုဆိုသည်ကို ပြောရမည်ဆိုလျှင် (နှိုင်းယှဉ်မှုသဘောအရ) ဘေးအန္တရာယ် အနည်းဆုံးနှင့် ပြည်သူအများဆုံး ပါဝင်နိုင်သည့် တော်လှန်ရေးနည်းနာကြီး ဖြစ်ပြီး အလွန်အင်မတန်မှ ထိရောက်သည့် တိုက်ပွဲနည်းနာကြီးဖြစ်ကြောင်း သိရှိရသည်။

တော်လှန်ပြည်သူ အပေါင်းများအနေဖြင့် ဘဏ္ဍာရေးစစ်မျက်နှာ၏ ဒုတိယအဆင့်ကို အမြင့်မားဆုံး ဖော်ဆောင်၊ ဆင်နွှဲလိုက်ကြရန် ဖက်ဆစ်၀င်ငွေ ဖြတ်တောက်၍ ပြည်သူ့ဘဏ္ဍာတည်ဆောက် ကြရန် တော်လှန်ရေး အင်အားစုများက တိုက်တွန်း တောင်းဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article