25 C
Yangon

KNU အုပ်ချုပ်နယ်မြေများ၌ ၉ လတာ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ အရာရှိ၊ အရာခံများအပါအဝင် စစ်သား ၄၀၀၀ နီးပါး သေဆုံး

Must read

KNU အုပ်ချုပ်နယ်မြေများ၌ ၉ လတာ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ အရာရှိ၊ အရာခံများအပါအဝင် စစ်သား ၄၀၀၀ နီးပါး သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၁၁

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေများ၌ ၉ လတာ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ၊ အရာခံများ အပါအဝင် တပ်သား ၄၀၀၀ နီးပါးသေဆုံးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး ကော်သူးလေ အုပ်ချုပ်နယ်မြေများ အတွင်း ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (K.N.L.A)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တို့နှင့် အာဏာသိမ်း အကြမ်းဖက် စစ်တပ်တို့ အကြား တိုက်ပွဲကြီး တိုက်ပွဲငယ်ပေါင်း ၃၅၇၀ ကြိမ်ဖြစ်ပွားခဲ့ကာ အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ၊ အရာခံများအပါအဝင် တပ်သားပေါင်း ၃၈၆၅ ဦးသေဆုံးခဲ့ပြီး ၂၂၆၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲများအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တို့ဘက်မှ တိုင်းပြည်နှင့်လူမျိုးအတွက် ၁၁၂ ဦး အသက်ပေးလှူခဲ့ရပြီး ၃၉၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟို ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article