37 C
Yangon

ABSDF ကျောင်းသားတပ်မတော်၏ ပြောခွင့်ရပုဂ္ဂိုလ် ရဲဘော်ဆန်နီနှင့်တွေ့ဆုံခြင်း

Must read

“ဒီကနေ့ စစ်တပ်ရဲ့ဆောင်ရွက်ချက်အားလုံးကို ကြည့်မယ်ဆိုရင် ရည်ရွယ်ချက် လည်း မမှန်ဘူး၊ လုပ်ဆောင်ချက်လည်း မမှန်ဘူး၊ စိတ်နေသဘောထားလည်း မမှန်ဘူးဆိုတာ တွေ့ရ တယ်။ ဒီနေ့စစ်အာဏာရှင် အမြစ် ပြတ်ချေမှုန်းရေးကို ရုန်းကန်တိုက်ပွဲဝင်နေတဲ့ အင်အားစုတွေ၊ ပြည်သူလူထုတစ်ရပ်လုံးနှင့်အတူ ABSDF အနေနဲ့လည်း တိုက်ပွဲဝင်သွားမယ်”

ABSDF ကျောင်းသားတပ်မတော်၏ ပြောခွင့်ရပုဂ္ဂိုလ် ရဲဘော်ဆန်နီနှင့်တွေ့ဆုံခြင်း

By ရန်ကုန်ခေတ်သစ်

အကြမ်းဖက်စစ်ကောင်စီက NCA တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် ၈ နှစ်ပြည့် ကျင်းပရန် ပြင်ဆင်နေချိန် KNU ကရင်အမျိုးသားအစည်းအရုံး၊ ABSDF ကျောင်းသားတပ်မတော်နှင့် CNF ချင်းအမျိုးသားတပ်ဦးတို့က NCA ပျက်ပြယ်ပြီဖြစ်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အဆုံးသတ်ပြီဟု တရားဝင် သတင်းထုတ်ပြန်ကြေညာသည်။ ABSDF ကျောင်းသားတပ်မတော်မှ ပြောခွင့်ရပုဂ္ဂိုလ် ရဲဘော်ဆန်နီကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ် မေးမြန်းထားပါသည်။

မေး။ ။ KNU ၊ CNF ၊ ABSDF တို့ရဲ့ ထုတ်ပြန်ချက်က NCA ပျက်သွားပြီလို့ တရားဝင် ကြေညာမှုအဖြစ် ပြော လို့ရလား။

ဖြေ။ ။ ဟုတ်ကဲ့ပြောလို့ရပါတယ်၊

မေး။ ။ ABSDF အနေနဲ့ တစ်နိုင်ငံလုံးမှာ PDF တွေနဲ့ တိုက်ပွဲဝင်နေတာက တပ်ရင်းဘယ်နှစ်ခု လောက်ရှိပါ သလဲ။ နိုင်ငံရဲ့ မြောက်ပိုင်း တောင်ပိုင်း အားလုံးမှာ တိုက်ပွဲဝင်နေတဲ့ တပ်ရင်းအရေအတွက်ကို မေးတာပါ။

ဖြေ။ ။ ယေဘုယျ ခြုံပြီးတော့ ပြောရရင်တော့ ဒီနေ့စစ်ကောင်စီကို တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားတော် လှန်ရေးအဖွဲ့အစည်း အသီးသီးနဲ့ ကျနော်တို့လက်တွဲ တိုက်ပွဲဝင်နေတာရှိပါတယ်။ ဒီနေရာမှာ အပိုင်း ၃ ပိုင်းရှိမယ်လို့ ထင်ပါတယ်။ နိုင်ငံရေးအရ ဆောင်ရွက်တဲ့အပိုင်းရှိမယ်။ သံတမန်ရေးအရ ဆောင်ရွက် တဲ့ အပိုင်းရှိမယ်။ စစ်ရေးအရဆောင်ရွက်တဲ့ အပိုင်းရှိမယ်။ အပိုင်း ၃ ပိုင်းစလုံးမှာပဲ ကျနော်တို့က သက်ဆိုင် ရာ အင်အားစု အားလုံးနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်နေပါတယ်။

နိုင်ငံရေးအရဆိုရင် ဒီကနေ့ NUCC မှာ ကျနော်တို့ ပါဝင်ဆောင်ရွက်နေတာရှိပါတယ်။ အဲဒီလိုပဲ စစ်ရေးအရ ဆိုရင်လည်း ဒီနေ့ စစ်ကောင်စီကို တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာရှိသလို အခု လက်ရှိ ၂၀၂၁ နောက်ပိုင်းမှာ လက်နက်ကိုင်တော်လှန်ရေးကို ဆောင်ရွက်နေတဲ့ အင်အားစု အသီးသီးနဲ့ ကျနော်တို့က လက်တွဲပူးပေါင်းဆောင်ရွက်နေတယ်လို့ ယေဘုယျ ကျနော့်အနေနဲ့ပြောလိုပါတယ်။

တပ်ရင်းအားလုံး ၁၄ ခုရှိပါတယ်ဗျ၊ ကျနော်တို့ လှုပ်ရှားနေတဲ့နေရာတွေက မြန်မာနိုင်ငံအနောက်ပိုင်း ဒေသမှာလည်းရှိပါတယ်။ မြောက်ပိုင်းဒေသမှာ ရှိပါတယ်။ မန္တလေး၊ မကွေး၊ စစ်ကိုင်းနဲ့ KNU နဲ့လည်း အချို့တပ်မဟာတွေမှာ လက်တွဲဆောင်ရွက်နေတာရှိပါတယ်။ KNU မှာဆိုရင် တပ်မဟာ ၁ ၊ တပ်မဟာ ၆ မှာ ကျနော်တို့ လက်တွဲပူးပေါင်းပြီးတော့မှ တိုက်ပွဲဝင်နေတာတွေ ရှိပါတယ်။မြောက်ပိုင်းတစ်ခုတည်း မဟုတ်ပါဘူး၊ မြန်မာနိုင်ငံရဲ့မြောက်ပိုင်း၊ မြန်မာနိုင်ငံရဲ့တောင်ပိုင်း၊ မြန်မာနိုင်ငံရဲ့အနောက်ပိုင်း၊ မြန်မာ နိုင်ငံရဲ့ အလယ်ပိုင်းတွေမှာပါ ကျနော်တို့လက်တွဲပြီး အတူတကွ စစ်ကောင်စီကို တိုက်ပွဲဝင်နေတာရှိပါ တယ်။

မေး ။ ။ NCA ၈ နှစ်ပြည့်မှာ စစ်ကောင်စီက ခမ်းခမ်းနားနား လုပ်ဖို့ ပြင်နေတယ်။ ဒါပေမယ့် NCA ပျက် ပြယ်ပြီ ဆိုတာကို စစ်တပ်က ဘာကြောင့် ခေါင်းမာနေတယ်လို့ ထင်ပါသလဲ။

ဖြေ။ ။ NCA ကိုလက်မှတ်ရေးထိုးခဲ့တုန်းက အစုအဖွဲ့တွေကို ပြန်ပြောရင်တော့ ပိုသင့်တော်မယ်လို့ ယူဆ ပါတယ်။ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေရယ်၊ အစိုးရ ၊ လွှတ်တော်၊ တပ်မတော်နဲ့ နိုင်င ံရေး ပါတီများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ သက်ဆိုင်ရာတိုင်းပြည်များရဲ့ရှေ့မှောက်မှာ လက်မှတ်ရေး ထိုးခဲ့ပြီးတော့မှ အကောင်အထည်ဖော်မယ့် စာချုပ်တစ်ခုဖြစ်ပါတယ်။ အကောင်အထည် ဖော်နိုင်ရေး အတွက်လည်း နိုင်ငံရေးဆွေးနွေးပွဲတွေကနေ တဆင့် ကျနော်တို့ တိုင်းပြည်ရဲ့ပြည်ထောင်စု စနစ်ကြီး တစ်ခုလုံး ပြုပြင်ပြောင်းလဲဖို့အတွက်ကို သဘောတူထားတဲ့ စာချုပ်လည်း ဖြစ်ပါတယ်။

ဒါပေမယ့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မနက် စစ်တပ်က အာဏာသိမ်းတဲ့ အချိန်ကစပြီးတော့ စစ်တပ်ရဲ့ ဖောက်ဖျက်မှုကြောင့် ၊ စစ်တပ်ရဲ့မတရားအာဏာသိမ်းမှုကြောင့် ဒီစာချုပ်ရဲ့အခန်းကဏ္ဍတွေ အကုန်လုံး က ပြီးဆုံးသွားပြီလို့ အဲလိုပဲ ကျနော်နားလည်ပါတယ်။ ဘာကြောင့်လဲလို့ ပြောရရင် ဒီနေ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေကလည်း NCA စာချုပ်အကောင်အထည်ဖော်ဖို့ကို ရပ်ဆိုင်းတယ်၊ စစ်တပ် ရဲ့ တရားဝင်မှုဖြစ်စေမယ့် အကြောင်း အရာ အချက်အလက်အားလုံးကိုလည်း ဆောင်ရွက်မှာမဟုတ်ဘူး၊ နောက်ပြီးတော့ နိုင်ငံရေးပါတီတွေအကုန်လုံးကိုလည်း ဖျက်သိမ်းခံလိုက်ရတယ်။ ပြီးတော့လွှတ်တော်နဲ့ အစိုးရ ဆိုတာလည်း မရှိတော့ပါဘူး၊ ဆိုတော့ အဲဒီကိစ္စရပ်ပေါ်မှာ ကြည့်မယ်ဆိုရင် NCA ဟာ ဘာမှ ဆက် ပြီးတော့ အကောင်အထည်ဖော်လို့မရဘူး၊ ဆက်သွားလို့မရဘူး ၊ အဲဒါကို ဖျက်ဆီး ပစ်လိုက်တာ၊ ရပ်တန့်ပစ်လိုက်တာကလည်း ဒီစစ်တပ်ပဲဖြစ်ပါတယ်။

မေး။ ။ စစ်တပ်ကတော့ NCA နဲ့ပတ်သက်ပြီး အခု ၈ နှစ်ပြည့်မှာလည်း ခမ်းခမ်းနားနားလုပ် မယ်ဆိုပြီး ကြေညာနေလို့ ဘာကြောင့် ဒီ NCA စာချုပ်အပေါ် အသုံးချနေတာလဲဆိုတာ သုံးသပ်ပေးပါဦး။

ဖြေ။ ။ စစ်တပ်ကတော့ သူ့တရားဝင်မှုကို လိုချင်လို့ ဒီကိစ္စအပေါ်မှာ အသုံးချနေတယ်လို့ပဲ ပြောပါရစေ၊ စစ်တပ် အာဏာသိမ်းတဲ့နောက်ပိုင်းမှာ အိမ်နီးချင်းနိုင်ငံတွေက အစ နိုင်ငံတကာ အဆုံး ကုလသမဂ္ဂ အထိ သူ့ရဲ့ တရားဝင်မှုကို လက်မခံ ထားပါဘူး၊ အဲလိုပဲ ပြည်သူတစ်ရပ်လုံးက စစ်အာဏာရှင်စနစ်ကို ဖက်ပေါင်းစုံက တိုက်ပွဲဝင်မှုကို သူ့အနေနဲ့ကြုံတွေ့နေရတယ်၊ ဒါကိုကြည့်ခြင်းအားဖြင့် စစ်တပ်က သူ့ရဲ့ တရားဝင်မှု ရဖို့အတွက် NCA စာချုပ်ကို အသုံးချတယ်။

ငြိမ်းချမ်းရေးဆိုတဲ့ ခေါင်းစဉ်ကို အသုံးချတယ်။ ပြောရရင် တော့ အသုံးချခံ ပစ္စည်းမဟုတ်ပါဘူးလို့ စစ်တပ်ကတော့ သူ့ရဲ့တရားဝင်မှုဖြစ်နိုင်တဲ့ နည်း လမ်းပေါင်းစုံ ကို သူကြိုးပမ်းရှာဖွေနေတာဖြစ်ပါတယ်။ အဲဒီအပေါ်မှာ အသုံးချတယ်လို့ပဲ ယူဆပါတယ် ဗျ။ တကယ့် စေတနာမှန်မယ်၊ တကယ့်တိုင်းပြည်ကို ပြည်ထောင်စုကိုသေချာ တည်ဆောက်ချင်တယ် ဆိုရင် ကျနော်တို့တင်ပြထားတဲ့ ဘုံနိုင်ငံရေးသဘောတူညီချက်၊ တောင်းဆိုချက်တွေရှိတယ်၊ ဘုံသဘော ထား ရပ်တည် ချက်တွေရှိတယ်၊ အဲဒီအခြေခံတွေအပေါ်မှာ စစ်တပ်က သွားမှသာလျှင် ကျနော်တို့လို လားတဲ့ ပြည်သူလူထုတစ်ရပ်လုံးက လိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုစနစ် တစ်ခုကို ချီ တက်နိုင်မှာ ဖြစ်ပါတယ်။

ဒီကနေ့ စစ်တပ်ရဲ့ဆောင်ရွက်ချက်အားလုံးကို ကြည့်မယ်ဆိုရင် ရည်ရွယ်ချက် လည်း မမှန်ဘူး၊ လုပ်ဆောင်ချက်လည်း မမှန်ဘူး၊ စိတ်နေသဘောထားလည်း မမှန်ဘူးဆိုတာ တွေ့ရ တယ်၊ အဓိက ကတော့ သူ့ရဲ့တရားဝင်မှု ရလိုမှုနဲ့ ပတ်သက်ရင်တော့ အားလုံးကို အသုံးချနေတယ်လို့ပဲ ကျနော့် အနေနဲ့ ပြောလိုပါတယ်။

မေး။ ။ ဘုံနိုင်ငံရေး ရပ်တည်ချက်ကို မလိုက်နာဘဲ စစ်တပ်က နိုင်ငံရေးက ဆက်ပါနေမယ်ဆိုရင် ဘယ် တော့ မှ တွေ့ဆုံ ဆွေးနွေးပွဲ မဖြစ်နိုင်ဘဲ တော်လှန်ရေးနဲ့ပဲ ဆက်သွားမယ့် အခြေအနေလို့ ဆိုလို့ရ မလား။

ဖြေ။ ။ ကျနော်တို့ တင်ပြထားတဲ့ ဘုံရပ်တည်ချက်ကို အကောင်းဆုံး ဖြစ်‌‌အောင် စဉ်းစားပြီးတော့မှ အနာဂတ်ပြည်ထောင်စု အတွက် အကောင်းဆုံးဖြေရှင်းနိုင်မယ့်နည်းလမ်း ကို တင်ပြထားတာပဲ ဖြစ် ပါတယ်၊ အဲဒီတော့ စစ်တပ်ရဲ့ လုပ်ရပ်၊ စစ်တပ်ရဲ့ဆောင်ရွက်တွေအားလုံး စစ်တပ် က တာဝန်ခံရ ပါ လိမ့်မယ်။ တာဝန်ယူရပါလိမ့်မယ်။ ဖြစ်ပျက်လာမယ့် ကောင်းကျိုး၊ ဆိုးကျိုးတွေကို တင်ပြခဲ့ပါတယ်။

ဒီလို ဆက်လုပ်နေမယ်ဆိုရင် ဒီနေ့ရှိနေတဲ့ ပဋိပက္ခဟာ ပိုမိုရှုတ်ထွေးလာမယ်၊ ပိုမို နက်ရှိုင်းလာမယ်၊ ပိုမိုပြီးတော့ ကျယ်ပြန့်သွားမယ်၊ အဲဒါအားလုံးရဲ့အဓိကတရားခံက နောက်ဆုံးပြော ရင်တော့ စစ်တပ် လို့ပဲ ပြောရတော့မှာဖြစ်ပါတယ်ဗျ။

မေး။ ။ နိုင်ငံတကာက အခုအချိန်အထိ တော်လှန်ရေးမှာEROS တွေဘက်ကို ထဲထဲဝင်ဝင် မကူညီသေး တာ ဘာကြောင့်လဲ။

ဖြေ။ ။ နိုင်ငံတကာရဲ့ ကူညီမှုက ဒီကနေ့ နံပါတ် ၁ ကတော့ ကျနော်တို့ တိုင်းပြည်တွင်းမှာရှိတဲ့ နိုင်ငံရေး စနစ်ကို ပြောင်းလဲချင်ပါတယ်။ နိုင်ငံရေးစနစ်ပြောင်းလဲနိုင်မှ ကျနော်တို့ တိုင်းပြည်တွင်းမှာ နိုင်ငံရေး တည်ငြိမ်မှု၊ ဒေသတွင်းတည်ငြိမ်မှုကိုရမှာပါ၊ အဲလိုပဲ ဒေသတွင်းမှာရှိနေတဲ့ အိမ်နီးချင်းနိုင်ငံတွေ က လည်း ကျနော်တို့ တိုင်းပြည်မှာ စနစ်ပြောင်းပြီးတော့မှ ဒေသတွင်းတည်ငြိမ်ရေးကို ရပြီးတော့ လူမှုစီး ပွား ဘဝတိုးတက်ရေး၊ ဒေသတွင်းတွင်းတည်ငြိမ်ရေးရမှာပါ။

ဒေသတွင်းမှာ ဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေ အနှောက်အယှက်တွေ တရားမဝင်ဆောင်ရွက်ချက်တွေကိုလည်း ရပ်တန့် နိုင်မှာဖြစ်ပါတယ်၊ ကျနော်တို့ မြန်မာ ပြည်သူလူထုတစ်ရပ်လုံးရဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်တည်ဆောက်ရေး ရုန်းကန်လှုပ်ရှားမှု၊ စစ်အာဏာရှင် စနစ်အပြီးသတ်ချေမှုန်းနိုင်ရေး ရုန်းကန်လှုပ်ရှားမှုတွေ ဆောင်ရွက်နေတဲ့အပေါ်မှာ နိုင်ငံ တကာ အနေနဲ့ ပံ့ပိုးပေးနေတယ်လို့ပဲ မြင်ပါတယ်။

အဲလိုပဲ အိမ်နီးချင်း တိုင်းပြည်တွေကလည်း ဒေသ တွင်း တည်ငြိမ်ရေးနဲ့ဒေသတွင်း ပဋိပက္ခတွေကို လျော့ချနိုင်ဖို့အတွက် လုပ်ဆောင်နေတယ်လို့ မြင်ပါ တယ်။ မြန်မာနိုင်ငံအတွင်းမှာရှိနေတဲ့ ပဋိပက္ခချုပ်ငြိမ်းနိုင်မှ သာလျှင် ဒေသတွင်းတည်ငြိမ်းရေး ပြသနာ ကို ဖြေရှင်းနိုင်မှာဖြစ်ပါတယ်၊ တနည်းအားဖြင့်ပြောရင်တော့ မြန်မာ့ပြည်တွင်းရေးလို့ ချန်ထားခဲ့လို့ရတဲ့ ကိစ္စရပ် မဟုတ်တော့ပါဘူး၊ မြန်မာ့အရေးသည် ဒေသအရေး ဖြစ်လာတယ်၊ မြန်မာ့အရေးသည် နိုင်ငံတ ကာ အရေးဖြစ်လာပါတယ်၊ အဲဒီအခြေအနေအပေါ်မှာ နိုင်ငံတကာကလည်း ဝိုင်းဝန်းပံ့ပိုးပေးနေတယ်လို့ ကျနော့်အနေနဲ့ နားလည်ပါတယ်ဗျ၊

မေး။ ။ NUG ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်နေပါသလဲ။ PDF တွေနဲ့ရော ဘယ်လို ပူးပေါင်းဆောင်ရွက်နေလဲ။

ဖြေ။ ။ ကျနော်တို့အနေနဲ့က NUG ကာကွယ်ရေးဝန်ကြီးဌာနနဲ့သော်လည်းကောင်း၊ NUCC နဲ့သော် လည်းကောင်း၊ ဒီကနေနွေဦးတော်လှန်ရေးမှာပေါ်ထွန်းလာတဲ့ စစ်ကောင်စီကို နည်းလမ်းပေါင်းစုံနဲ့ တိုက်ပွဲဝင်နေကြတဲ့ အင်အားစုအားလုံးနဲ့ လက်တွဲပူးပေါင်းဆောင်ရွက်နေပါတယ်၊ အဓိကရည်မှန်းချက် ကတော့ ဒီစစ်အာဏာရှင်စနစ် ကျဆုံးရေး၊ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး နဲ့အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုမှာ ဒီမိုကရေစီ နဲ့ဖက်ဒရယ်ကိုအခြေခံတဲ့ ပြည်ထောင်စုတစ်ရပ်ပေါ်ထွန်းလာဖို့ အတွက်ကို ကျနော်တို့အားလုံးနဲ့လက်တွဲဆောင်ရွက်နေတယ်လို့ တင်ပြချင်ပါတယ်။

မေး။ ။ တော်လှန်ရေးအလားအလာနဲ့ ပြည်သူလူထုကို ဘယ်လိုတင်ပြချင်တာရှိပါသေးလဲ။

ဖြေ။ ။ ဒီနေ့ ပြည်သူလူထုရဲ့ ရုန်းကန်လှုပ်ရှားမှုဟာ မြန်မာ့သမိုင်းမှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ နေရာမှာ အမြင့်ဆုံးရုန်းကန်လှုပ်ရှားမှုဖြစ်ပါတယ်။ ပြည်သူလူထုတစ်ရပ်လုံးလိုလားနေတဲ့ စစ်အာဏာ ရှင် စနစ် မမြစ်ပြတ်ချေမှုန်းရေးတိုက်မှာ ပြည်သူလူထုတစ်ရပ်လုံးက ရုန်းကန်လှုပ်ရှားနေတယ်လို့ တင် ပြချင်ပါတယ်၊ နောက်တစ်ခုက ABSDF က ၁၉၈၈ ခုနှစ် စစ်တပ်အာဏာသိမ်းကတည်းက စစ်အာဏာ ရှင် စနစ်ကို တိုက်ပွဲဝင်ဖို့အတွက် ပေါ်ပေါက်လာတဲ့ အဖွဲ့အစည်းလည်းဖြစ်ပါတယ်။

ကျနော်တို့ရဲ့ ဦး တည်ချက် တစ်ရပ်ဖြစ်တဲ့ ပြည်သူလူထုတစ်ရပ်လုံး စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်ရေး ဆိုတာ ကျနော်တို့ရဲ့ ဦးတည်ချက် တစ်ရပ်လည်းဖြစ်ပါတယ်၊ အဲဒီအတွက် ဒီနေ့စစ်အာဏာရှင် အမြစ် ပြတ်ချေမှုန်းရေးကို ရုန်းကန်တိုက်ပွဲဝင်နေတဲ့ အင်အားစုတွေ၊ ပြည်သူလူထုတစ်ရပ်လုံးနှင့်အတူ ABSDF အနေနဲ့လည်း တိုက်ပွဲဝင်သွားမယ်ဆိုတာ တင်ပြချင်ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article