30.5 C
Yangon

မြစ်ကြီးနား- ဖားကန့်ကားလမ်းတွင် စစ်ကြောင်း မိုင်းဆွဲခံရသဖြင့် အနီးရှိ မအူကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး လယ်သမား ၁ ဦးကို ပစ်ခတ် သတ် ဖြတ်

Must read

မြစ်ကြီးနား- ဖားကန့်ကားလမ်းတွင် စစ်ကြောင်း မိုင်းဆွဲခံရသဖြင့် အနီးရှိ မအူကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး လယ်သမား ၁ ဦးကို ပစ်ခတ် သတ် ဖြတ်

ရန်ကုန်၊ အောက်တိုဘာ ၁၅

ကချင်ပြည်နယ်၊ မြစ်ကြီးနား-ဖားကန့်ကားလမ်း ပေါ် ကာမိုင်းမြို့အနီး မအူပင်ကျေးရွာအနီးတွင် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့သဖြင့် မအူပင်ကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းကာ မီးရှို့ဖျက်ဆီးခြင်း၊ လယ်သမားတစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

အောက်တိုဘာလ ၁၄ ရက်နေ့ နံနက် ၉ နာရီအချိန် နန့်ယားစစ်စခန်းမှ ဆင်းလာသည့် စစ်ကောင်စီစစ်ကြောင်းကို မအူပင်ကျေးရွာအနီးတွင် KIA တပ်များက မိုင်းဆွဲတိုက်ခိုက်ကြောင်း၊ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများပြားကြောင်း၊ ယင်းနောက် စစ်တပ်က မအူပင်ကျေးရွာအတွင်းသို့ ဝင်ရောက်ပြီး နေအိမ်တချို့ကို မီးရှို့ဖျက်ဆီးကြောင်း၊ ထို့ပြင် ကာမိုင်းမြို့ရှိ စစ်တပ်ကလည်း လက်နက်ကြီးများဖြင့် မအူပင်ကျေးရွာဘက်သို့ ပစ်ခတ်ခဲ့ရာ မအူပင်ကျေးရွာသား ကိုကူမာ အသက် ၃၅ နှစ်သည် လက်နက်ကြီးကျည်ထိမှန်သေဆုံးခဲ့ကြောင်း သိရှိရသည်။

“ကားမိုင်း မအူပင်ရွာသား လယ်လုပ်သူ ကိုကူမာ အသက် ၃၅ နှစ်လက်နက်ကြီးထိပြီး ဆုံးပါတယ်။ မအူပင်ကျေးရွာက နေအိမ်တွေလည်း မီးရှို့ခံရတယ်။ စစ်တပ်က သူတို့အထိနာတော့ ရှုံးမဲ မဲတာပေါ့” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်တပ်က မီးရှို့ဖျက်ဆီးမှုကြောင့် မအူပင်ရွာမှ ကျေးရွာနေအိမ် ၁၁ အိမ်လုံးထက်မနည်း ပြာကျသွားခဲ့ပြီး ကျေးရွာအတွင်းရှိ ပြည်သူများ၏ ပစ္စည်းဥစ္စာများကို စစ်တပ်က ဖောက်ထွင်း ခိုးယူသွားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article