30 C
Yangon

ဝက်လက်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး၊ မြင်းခြံတွင်လည်း စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

Must read

ဝက်လက်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး၊ မြင်းခြံတွင်လည်း စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၁၅

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ် ၂၃ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၅ ရက်နေ့တွင် ဝက်လက်မြို့နယ် စိုင်နိုင်လေးရွာမှ စိုင်နိုင်ကြီးရွာဘက်ကို စစ်ကြောင်းထိုးလာသော စစ်သားများကို Buffalo soldier ၊ နဂါးမင်းပျောက်ကြားတပ်ဖွဲ့၊ Revolution soldier နှင့် ဒေသခံပကဖအဖွဲ့များက မိုင်းပွိုင့် ၃ ပွိုင့်ဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အလားတူ နံနက် ၈ နာရီ ၁၅ မိနစ်နှင့် နံနက် ၈ နာရီ ၂၀ မိနစ်တို့တွင် ယင်းအကြမ်းဖက် စစ်တပ် စစ်ကြောင်းကို

စိုင်နိုင်လေးရွာ တောင်ဘက် မိုးကောင်းကင်ဆီဆိုင် အနီးတွင် ၁ ကြိမ် ၊ စိုင်နိုင်ကြီးရွာထိပ် ကုက္ကိုပင် အောက်တွင် ၁ ကြိမ် ရွှေဘိုခရိုင် အမှတ် ၂၃ တပ်ရင်းနှင့် NaungYoe Army (တပ်ခွဲ၁) က မိုင်းပွိုင့် ၂ ပွိုင့်ဖြင့် ထပ်မံဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးကာ ၅ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“မိုင်းပွိုင့်ပေါ် စစ်ခွေးတွေ ရောက်လာတုန်း မိုင်း ၅ လုံးတွဲပဒေသာမိုင်းပွိုင့် ၂ ပွိုင့်နဲ့ ထိထိမိမိ ဖောက်ခွဲတိုက်ခိုက်ခဲ့တာ ရှေ့ပြေး စစ်ခွေး ၃ ကောင်လေပေါ် ပျံဝဲပြီး သေသွားတယ်။ ၅ ကောင်ကတော့ အပြင်းအထန် ထိခိုက် ဒဏ်ရာရတယ်” ဟု ရွှေဘိုခရိုင် အမှတ် ၂၃ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း MDY-PDF တပ်ဖွဲ့ထံမှ သိရသည်။

အောက်တိုဘာလ ၁၄ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် မြင်းခြံမြို့နယ်အတွင်း အထိုင်ချ တပ်စွဲထားသော အင်အား ၄၀ ခန့်ပါ အကြမ်းဖက် စစ်တပ်၏ ပတ်ကင်းစစ်ကြောင်းကို မန္တလေးခရိုင် အမှတ် ၃ တပ်ရင်းမှ ရဲဘော်များက ပဒေသာမိုင်း ၇ လုံးတွဲဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article