27 C
Yangon

ပြည်သူကို သတ်ဖြတ်နေသော မြန်မာစစ်တပ်က နူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်ရန် ကြိုးပမ်းနေမှု နိုင်ငံတကာက စောင့်ကြည့် စစ်ဆးရန် သံအမတ်ကြီး ဦးကျော်မိုးထွန်းတိုက်တွန်း

Must read

ပြည်သူကို သတ်ဖြတ်နေသော မြန်မာစစ်တပ်က နူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်ရန် ကြိုးပမ်းနေမှု နိုင်ငံတကာက စောင့်ကြည့် စစ်ဆးရန် သံအမတ်ကြီး ဦးကျော်မိုးထွန်းတိုက်တွန်း

ရန်ကုန်၊ အောက်တိုဘာ ၁၈

မြန်မာနိုင်ငံတွင် ပြည်သူများကို သတ်ဖြတ်နေသော မြန်မာစစ်တပ်က နူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်ရန် ကြိုးပမ်းနေမှုအပေါ် နိုင်ငံတကာ အသိုင်းအ၀ိုင်းက သေချာစွာ‌စောင့်ကြည့် စစ်ဆေးရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲ တမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုလိုက်သည်။

အောက်တိုဘာလ ၁၇ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ကျင်းပခဲ့သော ၇၈ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမကော်မတီ (လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာလုံခြုံရေးကော်မတီ) ၏ “နျူကလီးယားလက်နက်များ” ခေါင်းစဉ်ဖြင့် ဘာသာရပ်ဆိုင်ရာ ဆွေးနွေးမှုအစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က မြန်မာစစ်တပ်အပေါ် အပြည့်အဝလက်နက်ပိတ်ပင်ခြင်းသည်သာ ပြည်သူများအပေါ် ၎င်းတို့ ကျူးလွန်လျက်ရှိသည့် ရက်စက်သတ်ဖြတ်အကြမ်းဖက်မှုများကို ရပ်တန့်နိုင်မည်ဖြစ်ကြောင်း၊ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာစစ်တပ်အား လက်နက်နှင့် ဆက်စပ်ပစ္စည်များ ရောင်းချနေမှုကို ရပ်တန့်ပေးရန် တိုက်တွန်းခဲ့ကြောင်း နိုင်ငံတကာအသိုက် အဝန်းအနေဖြင့် နျူကလီးယားဓာတ်ပေါင်းဖိုတည်ဆောက်ရန် ရည်ရွယ်နေသည့် မြန်မာစစ်တပ်အား သေချာ စောင့်ကြည့်သင့်ကြောင်း ပြောကြားကြောင်း သိရှိရသည်။

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ နျူကလီးယားကင်းမဲ့ဇုံ အဖွဲ့ဝင်နိုင်ငံဖြစ်သည့် အားလျော်စွာ နျူကလီးယား လက်နက်ဖျက်သိမ်းရေးအတွက် နျူကလီးယားလက်နက် ကင်းမဲ့ဇုံများ၏ အရေးပါ မှုကို သဘောတူပါကြောင်း၊ မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားအစီအစဉ်သည် ကိုရီးယားကျွန်းဆွယ်ဒေသ၏ လုံခြုံရေးအပေါ်များစွာ သက်ရောက်မှုရှိနေကြောင်း၊ မြောက်ကိုရီးယားနိုင်ငံအနေဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ သက်ဆိုင်ရာအဆိုမူကြမ်းများအပေါ် လေးစားလိုက်နာ သွားရန်နှင့် နျူကလီးယားလက်နက်ဖျက်သိမ်းရေးကို ဦးတည်ဆောင်ရွက်သွားရန် သံအမတ်ကြီးက တိုက်တွန်းသည်။

မြန်မာနိုင်ငံအနေဖြင့် နျူကလီးယားလက်နက်ဖျက်သိမ်းရေးနှင့် အလုံးစုံ ဖျက်သိမ်းရေး အပေါ် ထပ်လောင်းကတိပြုလိုကြောင်း၊ နျူကလီးယားလက်နက်များ ကင်းစင်သော ကမ္ဘာကြီးဖြစ်ပေါ်လာရေး အတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခု ၂ဝ၂၃ ခုနှစ်တွင် လည်း မြန်မာနိုင်ငံအနေဖြင့် အပြည့်အဝလက်နက်ဖျက်သိမ်းရေးကို ရှေးရှုလျက် နှစ်စဉ်တင်သွင်းမြဲဖြစ်သည့် “Nuclear Disarmament” အဆိုမူကြမ်း တစ်ရပ်ကို တင်သွင်းထားပြီး ဖြစ်ကြောင်း၊ အဆိုမူကြမ်းအပေါ် အဖွဲ့ဝင်နိုင်ငံများ၏ ထောက်ခံပံ့ပိုးမှု၊ ပူးတွဲအဆိုရှင်အဖြစ် ပါဝင်မှုများအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေမှာ အလွန်းအမင်းဆိုးရွားလျက်ရှိပြီး၊ ထိခိုက်ခံစား နာကျင်ရမှုများအတွက် ဖော်ပြရန်စကားလုံးများ မရှိပါကြောင်း၊ စစ်တပ်သည် နိုင်ငံများမှ တင်သွင်းပေးပို့သည့် စစ်လေယာဉ်များ၊ လက်နက်ကြီးများနှင့် အခြား စစ်လက်နက် ပစ္စည်းများကို အသုံးပြု၍ လူသားအရင်းအမြစ်အပေါ် ကျူးလွန်မှုများနှင့် ရက်စက် သတ်ဖြတ်မှုများကို ပြုလုပ်လျက်ရှိကြောင်း သံအမတ်ကြီးက ထောက်ပြသည်။

မြန်မာစစ်တပ်အပေါ် အပြည့်အဝ လက်နက်ပိတ်ပင်ခြင်းသည်သာ ပြည်သူများအပေါ် ၎င်းတို့ ကျူးလွန်လျက်ရှိသည့် ရက်စက်သတ်ဖြတ်အကြမ်းဖက်မှုများကို ရပ်တန့်နိုင်ဖြစ် ကြောင်းကို ထပ်လောင်းပြောကြားလိုကြောင်း၊ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာစစ်တပ်အား လက်နက်နှင့် ဆက်စပ်ပစ္စည်များ ရောင်းချနေမှုကို ရပ်တန့်ပေးရန် သံအမတ်ကြီးက တိုက်တွန်းသည်။

မြန်မာစစ်ခေါင်းဆောင် အဆက်ဆက်သည် နျူကလီးယားဓာတ်ပေါင်းဖို တည်ဆောက် ရန် အကြံ အစည် ရှိခဲ့ပြီး၊ လက်ရှိ စစ်တပ်သည်လည်း အဆိုပါအကြံအစည်နှင့်ပတ်သက် ၍ ထပ်မံ လှုံ့ဆော်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတကာအသိုက် အဝန်းအနေဖြင့် သေချာ စောင့်ကြည့် စစ်ဆေးသင့်သည်ဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်း ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article