34 C
Yangon

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ အရာရှိ ၂ ဦး အပါအဝင် ၁၅ ဦးထက်မနည်း သေဆုံး ၊ လက်နက် ၁၂ လက်အပါ အဝင် ခဲယမ်းအများ အပြား သိမ်းဆည်းရရှိ

Must read

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ အရာရှိ ၂ ဦး အပါအဝင် ၁၅ ဦးထက်မနည်း သေဆုံး ၊ လက်နက် ၁၂ လက်အပါ အဝင် ခဲယမ်းအများ အပြား သိမ်းဆည်းရရှိ

ရန်ကုန်၊ အောက်တိုဘာ ၂၀

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေးတံတားကြီး စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ပြီး ပြန် လည် ဆုတ်ခွာလာသော ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုနှင့် ကြားဖြတ်တိုက်ခိုက်သော စစ်တပ်အကြား တိုက်ပွဲ အပြင်း အထန်ဖြစ်ကာ စစ်တပ်ဘက်မှ အရာရှိ ၂ ဦး အပါအဝင် ၁၅ ဦးထက်မနည်း သေဆုံးကြောင်း၊ လက်နက် ၁၂ လက် နှင့် ခဲယမ်းအများအပြား သိမ်းဆည်းရမိကြောင်း မွန်ပြည်နယ်၊ ရေးမြို့နယ်မှ တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၂၀ ရက် နံနက် ၆ နာရီခန့်မှ ၁၀ နာရီခန့်အထိ အင် အား ၁၀၀ ခန့်ဖြင့် တပ်စွဲ ထားသော ရေးမြို့နယ်၊ ရေးတံတားကြီး စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအချိန် မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ကြောင်း၊ ယင်းနောက် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ပေါင်းစု ပြန်လည် ဆုတ်ခွာခဲ့ကြောင်း၊ ထိုသို့ ပြန်လည် ဆုတ်ခွာလာစဉ် ရေးမြို့နယ်၊ ဝမ်ပေါင်ရွာနှင့် ကျုံလားရွာကြား အရောက် အကြမ်းဖက်စစ်ကောင်စီ ခလရ ၁၀၆ တပ်မှ ဗိုလ်ကြီး ၂ ဦးအပါအဝင် အင်အား ၃၀ ဝန်းကျင် ခန့်က ခြုံခိုတိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ပွဲ ၂ နာရီခွဲဝန်းကျင်ခန့် ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်း ဖက်စစ်ကောင်စီတပ်မှ ဗိုလ်ကြီး ၂ ဦးအပါအဝင် စစ်သား ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရှိရသည်။

“ဒီနေ့ရေးမှာ MSRF နဲ့ ထားဝယ်အပါအဝင် NUG ကူးပေါင်းတပ်တွေက ရေးက စစ်ဆေးရေး ဂိတ်တစ်ခုကို သိမ်းလိုက်နိုင်တဲ့အပြင် ကြားဖြတ်တိုက်တဲ့ စစ်ကြောင်းကိုပါ အကုန်လုံးနီးပါး သုတ်သင်နိုင်တယ်။ စာရင်းအရ စကစ ၁၅ ဦးထက်မနည်း ကျတယ်၊ မွန်မှာဖြစ်တဲ့အထဲမှာ အကြီးဆုံးတိုက်ပွဲပဲ” ဟု တော်လှန် ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယင်းတိုက်ပွဲအတွင်း MA 10/ RPG – ၁ လက်၊ MA 3 – သေနတ် ၂ လက်၊ MA1 – သေနတ် ၄ လက်၊ MA4 – သေနတ် ၁ လက်၊ MA2- သေနတ် ၂ လက်၊ ပစ္စတို သေနတ် ၂ လက်၊ ၆၀ မမ စိန်ပြောင်းအတို ၁ လက်၊ ၄၀ မမဗုံးသီး ၂၄ လုံး၊ RPG ဗုံးသီး ၅ လုံး၊ RPG ပို့ယမ်း ၄ တောင့်၊ အီနာဂါဗုံးသီး ၁၉ လုံး၊ လက် ပစ်ဗုံး ၄ လုံး၊ ရှေ့ထွက်မိုင်း ၁ လုံး၊ နင်းမိုင်း ၄ လုံး၊ ၅ ဒသမ ၅၆ ကျည်ဘောက် ၃၄ ခု၊ စက်လက် ကျည် ဘောက် ၁ ခု၊ ပစ္စတို ကျည်ဘောက် ၃ ခု၊ 9 mm ကျည် ၁၈ တောင့်၊ 5.56 ကျည် ၁၃၆၇ တောင့်၊ AK ကျည် ၁ တောင့်၊ လက်ကိုင်ဖုန်း ၇ လုံး၊ ဆက်သွယ်ရေးစက် icon ၂ ခု၊ Icon two way Radio ၃ လုံး တို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

Ye Guerrilla Force-ရေးပြောက်ကျားတပ်ဖွဲ့မှ ဗိုလ်ကျန်ရစ်က “ဒီနေ့ ရေးမြို့နယ်မှာတော့ စကစဆီက ရှယ်တွေကြီးပဲရလာတာပေါ့။မနက် ၆ နာရီကနေ နေ့လည် ၁၀ နာရီအထိ စကစနဲ့တိုက်ပွဲဖြစ်ပြီးနောက် ကြည့်ကြပါဦး” ဟု ၎င်း၏ လူမှုကွန်ရက် ဖေ့ဘုတ်စ်တွင် ရေးသားထားပြီး သိမ်းဆည်းရရှိထားသော စစ်တပ်၏ လက်နက်ခဲယမ်းဓာတ်ပုံကို လူမှုကွန်ရက်တွင် သတင်းဖော်ပြထားသည်။

ရေးမြို့နယ် စစ်ဆင်ရေးတွင် ဒေါနစစ်ကြောင်း၊ ရေးပြောက်ကျားတပ်ဖွဲ့ (YGF)၊ MSRF တပ်ဖွဲ့နှင့် ABSDF တပ် ရင်း ၁ အပါအဝင် တော်လှန်ရေး မဟာမိတ်တပ်ပေါင်းစုများက ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

တော်လှန်ရေးတပ်များက ရေးမြို့နယ်၊ ခလရ ၆၁ တပ်ရင်းနှင့်စကခ ၁၉ ဌာန ချုပ်များအတွင်းသို့ လက် နက်ကြီးများဖြင့် ထပ်မံ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား များ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article