31 C
Yangon

ဘီးလင်းတွင် ကျေးရွာချင်းဆက် လမ်းကို လာရောက်ဖျက်ဆီးသည် စစ်တပ်စစ်ကြောင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက် မောင်းထုတ်

Must read

ဘီးလင်းတွင် ကျေးရွာချင်းဆက် လမ်းကို လာရောက်ဖျက်ဆီးသည် စစ်တပ်စစ်ကြောင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက် မောင်းထုတ်

ရန်ကုန်၊ အောက်တိုဘာ ၂၁

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာနှင့် ခဲမောက်ကျေးရွာကြား ရွာချင်းဆက် လမ်းကို လာရောက် ဖျက် ဆီးနေသော အကြမ်းဖက်စစ်သားများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ မောင်းထုတ်ခဲ့ရကြောင်း တောကျီးကန်းစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ယမန်နေ့ အောက်တိုဘာလ ၂၀ ရက်နေ့ ည ၇ နာရီခွဲခန့်အချိန် ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာနှင့် ခဲ မောက် ကျေးရွာတို့၏ ရွာချင်းဆက်လမ်းကို လုံခြုံရေး အင်အားများစွာ အသုံးပြု၍ မြေတူးစက် ၂ စီးဖြင့် လာရောက် ဖျက်ဆီးနေသော အကြမ်းဖက်စစ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ မောင်းထုတ်ခဲ့ရကြောင်း၊ အကြမ်း ဖက်စစ်သား ထိခိုက်မှု သိရှိနိုင်ရန်စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“လမ်းက ၂ နေရာလောက်ကို ဖျက်ဆီးသွားတယ်၊ ပုံထဲကအတိုင်းပဲ ကျင်းတွေ တူးပြီးတော့မှ ဖျက်ဆီး သွားတာ၊ ပြန်ဆုတ်တာကတော့ ည ၈ နာရီခွဲ၊ ည ၉ နာရီလောက်မှာ ပြန်ဆုတ်သွားတာ၊ ည ၉ နာရီခွဲလောက်အထိ ကို စစ်တပ်ကလည်း လက်နက်ကြီးတွေနဲ့ တန်ပြန် တရစပ်ပစ်နေသေးတယ်” ဟု တောကျီးကန်းစစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အဆိုပါတိုက်ခိုက်မှုကို တောကျီးကန်းစစ်ကြောင်း နှင့် KNLA ပူးပေါင်းတပ်များက သွားရောက်တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article