37 C
Yangon

ရေးမြို့နယ်တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၄၀ ဦး သေဆုံးပြီး စစ်သား အများအပြားဒဏ်ရာရ

Must read

ရေးမြို့နယ်တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၄၀ ဦး သေဆုံးပြီး စစ်သား အများအပြားဒဏ်ရာရ

ရန်ကုန်၊ အောက်တိုဘာ ၂၁

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ယမန်နေ့ ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် စစ်တပ်ဘက်မှ ၄၀ ဦးခန့် သေဆုံးပြီး စစ်သားအများအပြား ဒဏ်ရာရရှိကြောင်း ဒေါနစစ်ကြောင်းက တရားဝင် သတင်းထုတ်ပြန်သည်။

အောက်တိုဘာလ ၂၀ ရက်နေ့၊ ဒေါနစစ်ကြောင်းက ရေးမြိုနယ်အခြေစိုက် မဟာမိတ်အင်အားစုများဖြစ်သည့် ရေးပြောက်ကျားတပ်ဖွဲ (YGF) ၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF) ၊ ABSDF တပ်ရင်း(၁)တို ပူးပေါင်းကာ စစ်ဆင်ရေးဖော်ဆောင်ခဲ့ကြောင်း ထိတွေ့တိုက်ပွဲကြာချိန် ၃ နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်တပ်ဘက်မှ ၄၀ ဦးခန့်သေဆုံးကာ အများအပြားဒဏ်ရာရှိကြောင်း ၊ တော်လှန်ရေး တပ်ဖွဲ့များဘက်မှ ၁၂ ဦး ဒဏ်ရာရရှိပြီး ၂ ဦးမှာ အသက် အန္တရာယ်စိုးရိမ်ရကြောင်း၊ လက်နက်အများအပြား သိမ်းဆည်းရမိကြောင်း သိရှိရသည်။

ပထမ တိုက်ပွဲဖြစ်စဉ်မှာ ရေးတံတားဂိတ်တွင် အင်အားတိုးလာသည့် စစ်တပ် အင်အား ၁၀၀ ဦးကို တော်လှန်ရေးတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ ကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့များက Sniper ၊ လက်နက်ကြီး၊ ချေမှုန်းတပ်ဖွဲများချည်းကပ်စတင်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်က လက်နက်ကြီး ၆၀ မမ၊ ၈၁ မမ ၊၄၀ မမ များဖြင့်လည်းကောင်း၊ စက်လက် ၃ လက်တိုဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ တော်လှန်ရေးတပ်ဖွဲ့ဝင်များဘက်မှ ၁ ဦး ဝမ်းဗိုက်သို့ လက်နက်ကြီးစ ထိမှန်ကာ မစိုးရိမ်ဒဏ်ရာရရှိခဲ့ကြောင်း ၊ စစ်တပ်ဘက်မှ ၁၈ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရှိကြောင်း သိရှိရသည်။

ဒုတိယတိုက်ပွဲအနေဖြင့် တော်လှန်ရေးပူးပေါင်းတပ်များက ပြန်လည်ဆုတ်ခွာလာပြီး ဒဏ်ရာရရှိသူများကို ဆေးခန်းသို့ ပြန်လည်ပို့ဆောင်စဉ် ကျုံလောင်းရွာနှင့် ဝဲပေါင်ကျေးရွာကြား ကားလမ်းဘေး ရာဘာခြံအတွင်းတွင် စစ်တပ်က ကင်းပုန်း စောင့်ဆိုင်းခြုံခိုတိုက်ခိုက်ခဲ့ကြောင်း၊ ယမန်နေ့ နံနက် ၈ နာရီခန့်အချိန် တော်လှန်ရေးတပ်ဖွဲ့များ၏ လူနာသယ်ဆောင်လာ‌သော ကားနှင့်ဆိုင်ကယ် တစ်စီးကို စစ်တပ်က လက်ဦးမှုယူကာ တိုက်ခိုက်ခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူ ၁၁ ဦးရှိပြီး ၂ ဦးမှာစိုးရိမ်ရကြောင်း၊ စစ်တပ်ဘက်မှ ၂၇ ဦး သေဆုံးပြီး ၃ ဦး မှာ ထွက်ပြေးသွားကြောင်း သိရှိရသည်။

“ပထမ တစ်ကြိမ်က ရေးတံတားကြီးမှာဖြစ်တာ၊ ဖြစ်ချိန်က မနက် ၆ နာရီ ၄၅ မိနစ်လောက်ကနေ ၇ နာရီ ၄၅ မိနစ်လောက်အထိ တစ်နာရီနီးပါး တိုက်ပွဲကြာ မြင့်တယ်၊ အမြောက်တပ် ၃၁၆ နဲ့ ခလရ ၆၁ ကနေ လက်နက်ကြီး အကြိမ်ရေ ၇၀ လောက်ပစ်ကူပေးတယ်၊ ကျနော်တို့ဘက်က လက်နက်ငယ်၊ စနိုက်ပါ၊ လက်နက်ကြီးနဲ့ ပစ် ခတ်တိုက်ခိုက်ခဲ့တာပါ၊ ဒုတိယအကြိမ်က တံတားကြီး တိုက်ပွဲပြီးတော့ ပြန်လာတုန်း ကျုံ လောင်းရွာ ဟောင်းအနီးမှာ အင်အား ၃၀ လောက်နဲ့ ထပ်မံ ထိပ်တိုက် တိုက်ပွဲဖြစ်တာ၊ အဲဒီမှာ ဗိုလ်ကြီး အပါအဝင် အကုန် နီးပါး သေဆုံးတယ်၊ ထွက်ပြေးတာတွေရှိပေမယ့် မရှင်နိုင်ဘူး၊ ထိခိုက် ဒဏ်ရာရရှိတဲ့ ကျနော်တို့ ရဲဘော်တွေကတော့ လက်ရှိအချိန်အထိတော့ ဆေး ကုသမှုခံယူနေဆဲပါ” ဟု ရေးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

တော်လှန်ရေးတပ်ဖွဲ့များဘက်မှ သာလွန်အင်အားဖြင့် လက်နက်ငယ်၊ လက် နက် ကြီး(RPG)ပစ်အား ၊ တိုက်စစ်ဗျူဟာ ကောင်းမွန်မှုကြောင့် ထိတွေ့ ကြာချိန် မိနစ် ၃၀ ခန့်အကြာတွင် ကင်းပုန်းနေရာကို သိမ်းဆည်းရမိကြောင်း၊ လက်နက်များလည်း ရရှိကြောင်း၊ စစ်တပ်ဘက်မှ ခန့်မှန်းအင်အား (၆၀)ခန့် ကားသုံးစီးဖြင့် ကျုံလောင်းရွာဟောင်းဘက်မှ တက်လာခဲ့ပြီး စစ်သား အလောင်းများ ပြန်လည်ကောက်ယူ ဆုတ်ခွာသွားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article