31 C
Yangon

ယင်းမာပင်၊ ဘန်ဘွေးရွာရှိ စစ်တပ် အထိုင်စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

ယင်းမာပင်၊ ဘန်ဘွေးရွာရှိ စစ်တပ် အထိုင်စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ အောက်တိုဘာ ၂၁

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန်ဘွေးရွာရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Black Vote Fighter အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၁ ရက်နေ့ နံနက် အစောပိုင်း ၁ နာရီ ၃၀ မိနစ်ခန့်တွင် ယင်းမာပင်မြို့နယ်၊ ဘန်ဘွေးရွာရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့​ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း တော်လှန်ရေး တပ်ဖွဲ့များက ၆၀ မမ ၊ ၈၀ မမ ၊ ၁၂၀ မမ ၊ ရှော့ဒုန်းများဖြင့် ပစ်ခတ်ခဲ့ပြီး အကြမ်းဖက် စစ်တပ် အထိုင်စခန်းအတွင်း လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်သားများ ထိခိုက် သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း၊ စစ်တပ် ဘက်မှလည်း လက်နက်ကြီး၊ လက်နက်ငယ် ၆၀ မမ များဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Black Vote Fighter အဖွဲ့ ၊ AK ပြောက်ကျားတပ်ဖွဲ့ ၊ စစ်ကျွန်မခံမြွေဆိုးတစ်သိုက် ၊ FBGA ၊ SBTF ၊ EAGLE Defense Force Salingyi ၊ အာဠာဝက ၊ ဝင်္ကပါ ပြောက်ကျားတပ်ဖွဲ့ နှင့် မဟာမိတ်အဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း ၊ Black Vote Fighterအဖွဲ့ အနေဖြင့် စစ်ရေးအရှိန်မြင့် တင်နိုင်ရန် တာဝေးပစ် လက်နက်ကြီးများ ထုတိလုပ်နိုင်ရန် ပြည်သူများအနေဖြင့်တတ်နိုင်သည်ဘက်မှ ကူညီပေးကြပါရန် Black Vote Fighter အဖွဲ့က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article