35 C
Yangon

မှော်ဘီလေတပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှု လေယာဉ်များ ထားရှိရာ အဆောက် အအုံ ဟန်ဂါ (Hanger) ထိမှန်ခဲ့

Must read

မှော်ဘီလေတပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှု လေယာဉ်များ ထားရှိရာ အဆောက် အအုံ ဟန်ဂါ (Hanger) ထိမှန်ခဲ့

ရန်ကုန်၊ အောက်တိုဘာ ၂၃

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ မှော်ဘီလေတပ်ကို ယမန်နေ့ ည ပိုင်း ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လေယာဉ်များထားရှိရာ အဆောက်အအုံ ဟန်ဂါ ထိမှန်ခဲ့ကြောင်း တပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

အောက်တိုဘာလ ၂၂ ရက်နေ့ ည ၉ နာရီအချိန် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှုကြောင့် မှော်ဘီလေတပ်အတွင်း ပေါက်ကွဲမှုများဖြစ်ပွားခြင်းဖြစ်ပြီး အနည်းဆုံး ၃ ကြိမ်ပေါက်ကွဲခဲ့ကြောင်း၊ ယမန်နေ့ညပိုင်း စ်တပ်က မင်္ဂလာဒုံ၊ မှော်ဘီ နှင့် ရန်ကုန်မြို့အဝင်အထွက်အားလုံးကို စစ်တပ်က ပိတ်ဆို့ စစ်ဆေး သောင်းကျန်းခဲ့ကြောင်း၊‌ ‌‌ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှုကြောင့် လေယာဉ်များသိုလှောင်ထားရှိ ပြုပြင်ရာ ဟန်ဂါ အဆောက်အအုံတစ်ခု ထိမှန်ခဲ့ကြောင်း သိရှိရသည်။

“လေတပ်ထဲက ပြန်သိရတာက ဟန်ဂါတစ်ခုကိုတော့ ထိသွားတယ်။ အဲဒီဟန်ဂါထဲမှာ လေယာဉ်ရှိနေသလား၊ မရှိနေသလား၊ လေယာဉ်ကို ထိသလား၊ မထိသလားဆိုတာတော့ မသိရသေးဘူး။ တိုက်လေယာဉ်တွေ ထားလေ့ရှိတဲ့ ဟန်ဂါ တစ်ခုကိုတော့ ရှော့တိုက်ဒုံးထိသွားတယ်လို့တော့ သိရတယ်” ဟု တပ်သတင်းရင်းမြစ် က ဆိုသည်။

Urban Special Operation (U.S.O) က မှော်ဘီလေတပ်ကို ၁၀၇ မမဖြင့် ပစ်ခတ်မှုသည် ၎င်းတို့၏ လက်ချက်ဖြစ်ပြီး စစ်ကောင်စီက တိုင်းရင်းသားဒေသများနှင့် ပြည်သူများကို လေကြောင်းသုံး သတ်ဖြတ်နေသောကြောင့် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုထားသည်။

ထို့ပြင် U.S.O က စစ်ကောင်စီ၏ စီးပွားရေးပိုင်ဆိုင်မှုများ အပြင် ပတ်သက် ဆက်နွယ်သူများ၊ ပတ်သက်ဆက်နွယ်မှုများကို စစ်ရေး ပစ်မှတ်တစ်ခုအဖြစ် စစ်ဆင်ရေး ဆက်လက် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာသည်။

ဓာတ်ပုံ- ပုသိမ်လေတပ်မှ တိုက်လေယာဉ် ထားရှိရာ အဆောက်အအုံ ဟန်ဂါ မြင်ကွင်း ။(ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article