31 C
Yangon

ကလေးမြို့နယ်ရှိ စက္ကန့်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေ

Must read

ကလေးမြို့နယ်ရှိ စက္ကန့်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေ

ရန်ကုန်၊ အောက်တိုဘာ ၂၄

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်းရှိ စက္ကန့်ကျေးရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ အောက်တိုဘာ ၂၄ ရက်နေ့တွင် မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက္ကန့်ကျေးရွာအတွင်း အကြမ်းဖက် စစ်တပ်က တပ်စွဲထားပြီး နေအိမ်များကို ဆက်တိုက် မီးရှို့ ဖျက်ဆီးနေခြင်းဖြစ်ကြောင်း၊ နေအိမ်အများအပြားကို စစ်သားများက မီးရှို့ဖျက်ဆီးထားပြီး အရေအတွက် အတိအကျကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

“ လေး ၊ ငါးရက် နားလိုက် ပြန်ရှို့လိုက်နဲ့ ။ ဒီနေ့ကတော့ ၂ ကြိမ်။ အခုထိရှို့တုန်းပဲ” ဟု ဒေသပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် စက္ကန့်ကျေးရွာအတွင်းမှ အနီးအနားရှိ ကျေးရွာများကိုလည်း မီးရှို့ဖျက်ဆီးခြင်းများပြုလုပ်ပြီး လက်ရှိချိန်တွင် ဒေသပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article