33 C
Yangon

ရေစကြိုမြို့နယ် အခြေစိုက် MBT တပ်ဖွဲ့က “မောင်းပြန် ၅ လက်၊ ကျည် ၅၀၀၀” ကမ်ပိန်း ပြုလုပ်နေပြီး ပြည်သူများ ပူးပေါင်း ပါဝင်ပေးကြရန် မေတ္တာရပ်ခံ

Must read

ရေစကြိုမြို့နယ် အခြေစိုက် MBT တပ်ဖွဲ့က “မောင်းပြန် ၅ လက်၊ ကျည် ၅၀၀၀” ကမ်ပိန်း ပြုလုပ်နေပြီး ပြည်သူများ ပူးပေါင်း ပါဝင်ပေးကြရန် မေတ္တာရပ်ခံ

ရန်ကုန်၊ အောက်တိုဘာ ၂၄

မကွေးတိုင်း၊ ရေစကြိုမြို့နယ် အခြေစိုက် Myingyan Black Tiger – MBT တပ်ဖွဲ့က ပြုလုပ်လျက်ရှိသော “ အညာမှာ မုန်းတိုင်းထန်ဖို့ Myingyan Black Tiger (MBT)ကို မောင်းပြန် ၅ လက်၊ကျည် ၅၀၀၀” ကမ်ပိန်းကို ပူးပေါင်း ပါဝင်ပေးကြပါရန် MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ် သတင်းဌာနထံမှ တဆင့် မေတ္တာရပ်ခံပြောကြားသည်။

အဆိုပါက ကမ်ပိန်းကို အောက်တိုဘာလ ၂၂ ရက်နေ့မှ ဒီဇင်ဘာလ ၂၂ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီက ထိုးစစ်ဆင်တိုက်ခိုက်နေသော အညာဒေသနေ ပြည်သူများ အတွက် အကြမ်းဖက်စစ်ကောင်စီကို တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်နိုင်ရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

“ကျနော်တို့ မောင်းပြန် ၅ လက် ၊ ကျည် ၅၀၀၀ ကမ်ပိန်းလေး ဖိတ်ခေါ်ထားပါတယ်ဗျ၊ အဓိကရည်ရွယ် ချက်ကတော့ ကျနော်တို့ဘက်ကို နယ်မြေကျူးကျော်နေတဲ့ လုယက်နေတဲ့ စကစတွေကို ကြမ်းတမ်းတဲ့ တန်ပြန်တိုက်စစ်နဲ့ ပြန်ဆင်နွှဲဖို့ အတွက်ပါ၊ ဗျူဟာတွေလည်း ရေးဆွဲနေပါတယ်၊ အဲဒီအတွက် လိုအပ်တဲ့ ကမ် ပိန်းလေး ဖိတ်ခေါ်ထားတာပါ၊ အဲဒီအတွက် ဝိုင်းဝန်းကူညီပေးကြဖို့ မေတ္တာရပ်ခံပါတယ်ဗျ” ဟု Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားသည်။

ပါဝင်ကူညီအားဖြည့်ကြမည့် မိဘပြည်သူများအနေဖြင့် –

https://www.facebook.com/profile.php?id=100090434487287

https://www.facebook.com/Myingyanblacktiger1

Page Messenger တို့မှ တဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း အသိပေးထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article