30 C
Yangon

ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံ ကြိုဆိုကြောင်းနှင့် မန္တလေးမြို့ကို စိုးမိုးနိုင်ရေး “ရွှေပြည်စိုး စစ်ဆင်ရေး” ကို ပြုလုပ်ရန် ပြင်ဆင်နေကြောင်း မန္တလေးခရိုင် တပ်ရင်းများ ကြေညာ

Must read

ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံ ကြိုဆိုကြောင်းနှင့် မန္တလေးမြို့ကို စိုးမိုးနိုင်ရေး “ရွှေပြည်စိုး စစ်ဆင်ရေး” ကို ပြုလုပ်ရန် ပြင်ဆင်နေကြောင်း မန္တလေးခရိုင် တပ်ရင်းများ ကြေညာ

ရန်ကုန်၊ အောက်တိုဘာ ၂၇

ရှမ်းပြည်နယ်၊ မြောက်ပိုင်းတွင် တစ်ပြိုင်တည်း ဆင်နွှဲခဲ့သော မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင် ရေးကို အပြည့်အဝထောက်ခံကြိုဆိုကြောင်းနှင့် မန္တလေးမြို့ကို ပြန်လည် စိုးမိုးနိုင်ရေး “ရွှေပြည်စိုး စစ်ဆင်ရေး” ကို ပြုလုပ်ရန် ပြင်ဆင်နေကြောင်း မန္တလေးခရိုင် တပ်ရင်း ၄ ရင်းက ထုတ်ပြန် ကြေညာထားသည်။

ယနေ့ အောက်တိုဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းက စတင်လိုက်သော မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာ မိတ်တပ်မတော် -MNTJP/MNDAA ၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – PSLF/TNLA နှင့် ရခိုင့်တပ်တော် – ULA/AA ညီနောင်မဟာမိတ်၏ ၁၀၂၇ စစ်ဆင်ရေးအပေါ် အပြည့်အဝကြိုဆို ထောက်ခံပါကြောင်း၊ အလားတူ ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ ဟန်ချက်ညီညီ ဆင်နွှဲနေသည့် ကရင်အ မျိုးသားအစည်းအရုံး၏ ကော့ရိတ်မြို့ ထိုးစစ်တိုက်ပွဲများကိုလည်း ကြိုဆိုထောက်ခံပါကြောင်း ဖော်ပြ ထားသည်။

မန္တလေးခရိုင် တပ်ရင်း ၃ ၊ တပ်ရင်း ၄ ၊ တပ်ရင်း ၅ နှင့် တပ်ရင်း ၆ တို့အနေဖြင့် မန္တလေးမြို့ကို ပြန်လည် စိုးမိုးနိုင်မည့် “ရွှေပြည်စိုး စစ်ဆင်ရေး” ကို ပြင်ဆင်ပြုလုပ်နေသည့် အချိန်တွင် အချိန်ကိုက် ပေါ်ပေါက် လာသည့် ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးကို အပြည့်အဝ ထောက်ခံသည့်အပြင် ယင်း စစ်ဆင်ရေး၌ ပါဝင်တိုက်ခိုက်နေသည့် ရဲဘော်၊ ရဲဘက် တစ်ယောက်ချင်းအပေါ် ဂုဏ်ယူလေးစားကြောင်း မန္တလေးခရိုင် တပ်ရင်း ၄ ရင်းက ပြောဆိုထားသည်။

အဆိုပါစစ်ဆင်ရေးနှင့်အတူ နိုင်ငံတစ်ဝှမ်းလုံးရှိ တော်လှန်ရေးအင်အားစုများ၏ စစ်အာဏာရှင် စနစ် အမြစ်ပြတ် ကျဆုံးရေး ခုခံတွန်းလှန်စစ်များသည် မလွဲမသွေ ရာနှုန်းပြည့်‌‌ အောင်မြင်မည်ဟု ယုံကြည်ပါ ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့များအနေဖြင့်လည်း စစ်ကောင်စီအပေါ် ထိုးစစ်များ ဆင်နွှဲလျက်ရှိရာ ၎င်းထိုးစစ်များ အားလုံးနှင့် အတူ တစ်သားတည်း ရပ်တည်နေကြောင်းနှင့် အနိုင်ရ တိုက်ပွဲများကိုလည်း ထောက်ခံကြိုဆိုကြောင်း ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article