34 C
Yangon

ရွှေဘိုမြို့တွင် ငွေတောင်းနေသော စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၁ ဦးသေဆုံး၊ ကျိုက်ထိုတွင် ရာအိမ်မှူး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရွှေဘိုမြို့တွင် ငွေတောင်းနေသော စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၁ ဦးသေဆုံး၊ ကျိုက်ထိုတွင် ရာအိမ်မှူး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၂၇

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တွင် ပြည်သူများထံမှ ငွေတောင်းနေသော စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်ရာ ၁ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ် ၂၃ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၇ ရက်နေ့တွင် နံနက် ၈ နာရီ မိနစ် ၃၀ ခန့်တွင် ရွှေဘိုမြို့ စက်မှုဇုံအနီး ရုပ်ပျိုတိုင်းရင်းဆေးစက်ရုံရှေ့တွင် ကင်းဝပ်ပြီး ပြည်သူများထံမှ အတင်းအဓမ္မ ငွေတောင်းခံနေသော စစ်သား၊ ရဲနှင့် ပျူစောထီးများကို ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ် ၂၃ တပ်ရင်း၊Naung YoeArmy တပ်ခွဲ ၁ ရွှေဘိုကျားကြီး၊ Revolution Soldier ၊ ရှိမ်းမကားတိုက်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မြောက်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် ကိုက် ၁၀၀ ခန့် အကွာ အဝေး၌ ရာအိမ်မှူး ကျော်မင်းဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း Kyaikhto Information Organization ထံမှ သိရသည်။

အောက်တိုဘာလ ၂၆ ရက် ညနေ ၄ နာရီ ၄၅ မိနစ်ခန့်က ကျိုက်ထိုမြို့နယ်၊ မြောက်ပိုင်းရပ်ကွက် ရာအိမ်မှူး ကျော်မင်းဦးသည် မြောက်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် ကိုက် ၁၀၀ အကွာအဝေးရှိ ကွမ်းယာဆိုင်တစ်ဆိုင်၌ ကွမ်းယာဝယ်ပြီး ပြန်လာစဉ် အမည်မသိ သေနတ်သမားများက ပစ်ခတ် တိုက်ခိုက်ခဲ့ရာ သေဆုံးခဲ့ကြောင်း သိရသည်။

ရာအိမ်မှူး ကျော်မင်းဦးသည် ဦးခေါင်းယာဘက် ကျည် ဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ လည်ပင်းအောက် ကျည်ဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ ဘယ်ဘက် ရင်ဘတ် ကျည် ဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ ညာဝမ်းဗိုက် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ညာပေါင်ရင်း ကျည် ဖောက် ဝင် ဒဏ်ရာ ၁ ချက်၊ ညာလက်ကောက်ဝတ် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်နှင့် ညာလက်ကောက် ဝတ် ကျိုး ဒဏ်ရာများရရှိကာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article