28 C
Yangon

NUG ကာကွယ်ရေး ဝန်ကြီးဌာနက ညီနောင် မဟာမိတ် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံကြိုဆိုကြောင်းနှင့် ဟန်ချက်ညီ စစ်ဆင်ရေးများ ဖော်ဆောင်သွားမည်ဟု ကြေညာ

Must read

NUG ကာကွယ်ရေး ဝန်ကြီးဌာနက ညီနောင် မဟာမိတ် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံကြိုဆိုကြောင်းနှင့် ဟန်ချက်ညီ စစ်ဆင်ရေးများ ဖော်ဆောင်သွားမည်ဟု ကြေညာ

ရန်ကုန်၊ အောက်တိုဘာ ၂၇

မြောက်ပိုင်း ညီနောင် မဟာမိတ် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံကြိုဆိုကြောင်းနှင့် ဟန်ချက်ညီ စစ်ဆင်ရေးက ဖော်ဆောင်သွားမည်ဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ အောက်တိုဘာလ ၂၇ ရက်နေ့တွင် ကြေညာခဲ့သည်။

မြန်မာပြည်သူတရပ်လုံး ဆန့်ကျင်တိုက်ပွဲဝင်နေသည့် စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ် ချေမှုန်းရန် စစ်ဆင်ရေးကြီးတရပ် စတင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသော အမျိုးသား ပါတီ/ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNTJP/MNDAA)က အချက်(၅)ချက်ပါ ကြေညာချက်ကို ထုတ်ပြန်ခဲ့ပြီး ညီနောင်မဟာမိတ် (၃) ဖွဲ့ ဖြစ်သည့် ကိုးကန့် (MNTJP/MNDAA)၊ တ အာင်း (PSLF/TNLA) နှင့်ရက္ခိုင် (ULA/AA) တို့ ပူးတွဲ၍ “၁၀၂၇ စစ်ဆင်ရေး” စတင်ကြောင်း ကြေညာ ချက်ကိုလည်း ယနေ့ အောက်တိုဘာလ ၂၇ ရက်နေ့တွင် တပြိုင်တည်း ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် အထက်ပါ ထုတ်ပြန်ကြေညာချက် များကို ဝမ်းမြောက်စွာ ထောက်ခံကြိုဆိုပါကြောင်း၊ ယခုအချိန်သည် နိုင်ငံတဝန်းရှိ တိုင်းရင်းသား တော် လှန်ရေးအင်အားစု အသီးသီး၊ နွေဦးတော်လှန်ရေးအင်အားစု အသီးသီးနှင့်ပြည်သူတရပ်လုံးက ပါဝင်၍ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ကျဆုံးရေး၊ ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတို့ကို မမှိတ်မသုန် ဆောင်ရွက်သွား ကြရမည်ဖြစ်သောကြောင့် ခုခံတွန်းလှန်စစ်တွင် အင်အားစုအားလုံး အား သွန် ခွန်စိုက် ဆက်လက် ပူးပေါင်းပါဝင်ကြရန် အလေးအနက် တိုက်တွန်းပါကြောင်း NUG ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ညီနောင်မဟာမိတ် (၃)ဖွဲ့နှင့် တညီ တညွတ်တည်း လက်တွဲပြီး “၁၀၂၇ စစ်ဆင်ရေး” နှင့် ဟန်ချက်ညီစစ်ဆင်ရေးများ ဖော်ဆောင်ကာ ပူး ပေါင်းသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article