30.5 C
Yangon

ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ဆင်ရေး ၂ ရက်မြောက် အနှစ်ချုပ်

Must read

ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ဆင်ရေး ၂ ရက်မြောက် အနှစ်ချုပ်

———————————————————-

၁၀၂၇ စစ်ဆင်ရေး ဒုတိယနေ့တွင် စစ်ကောင်စီတပ်စခန်း ၄၀ နီးပါး၊ တင့်ကား ၂ စီးအပါအဝင် လက်နက်ခဲယမ်းအမြောက်အမြား၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာချီ သေဆုံးခဲ့ပြီး စစ်သုံ့ပန်း ၁၀ ဦး ဖမ်းဆီးနိုင်ခဲ့

ရန်ကုန်၊ အောက်တိုဘာ ၂၈

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်အာဏာရှင် ဖြုတ်ချရေး ၁၀၂၇ စစ်ဆင်ရေး ဒုတိယနေ့တွင် စစ်ကောင်စီတပ်စခန်း ၄၀ နီးပါး၊ တင့်ကား ၂ စီးအပါအဝင် လက်နက်ခဲယမ်းအမြောက်အမြား၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာချီ သေဆုံးခဲ့ပြီး စစ်သုံ့ပန်း ၁၀ ဦး ဖမ်းဆီးနိုင်ခဲ့ကြောင်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

အောက်တိုဘာလ ၂၇ ရက်နေ့ စတင်ခဲ့သော စစ်ဆင်ရေးသည် အောက်တို ဘာလ ၂၈ ရက်နေ့အထိ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့၏ အကြီးအသေး စခန်းပေါင်း ၄၀ ကျော် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။ ချင်းရွှေဟော်မြို့ ပတ်ဝန်းကျင် စစ်တပ် စခန်းအားလုံးကို အားလုံး သိမ်းပိုက်လိုက်ပြီး မြို့ကို လည်း အပြည့်အ၀ ထိန်းချုပ်ထားပြီဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့ ရာချီ၍ သေဆုံးခဲ့ပြီး စစ်သုံ့ပန်း ၁၀ ဦးကို ဖမ်းဆီး နိုင်ခဲ့ ကြောင်း၊ အောက်တိုဘာလ ၂၈ ရက်နေ့ နေ့လည် ၁၂ နာရီ ၃၀ မိနစ်ခန့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော်ကိုးကန့်(MNDAA)က မုံးကိုးခရိုင် ၊ မုံးကိုးဒေသ ၊ ဖောင်းဆိုင်ကျေးရွာအုပ်စု၊ မန်ပင်တပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့၏ သံချပ်ကာ ၂ စီးကို သိမ်း ဆည်း ရရှိခဲ့ကြောင်း၊ စစ်ကောင်စီတပ်၏ စစ်ရေးအရ အရေးကြီး သောတပ် စခန်းတစ်ခုဖြစ်သည့်မာကျားတိပေါက်‌ပေါက် တောင်ကုန်းကို တိုက်ခိုက် သိမ်းယူ နိုင်ခဲ့ကြောင်း သိရှိရသည်။

တော်လှန်ရေးတပ်ဖွဲ့များက သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းသိမ်း ဆည်း ရရှိမှု အနေဖြင့် အလွန်များပြားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article