38 C
Yangon

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင် ရေးတွင် တိုင်းရင်းသား အားလုံး ပါဝင်ရန် ကရင်နီ KNPP က ဖိတ်ခေါ်

Must read

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင် ရေးတွင် တိုင်းရင်းသား အားလုံး ပါဝင်ရန် ကရင်နီ KNPP က ဖိတ်ခေါ်

ရန်ကုန်၊ အောက်တိုဘာ ၂၉

စစ်ကောင်စီကို အမြစ်ဖြတ် ဖယ်ရှားရေး၊ ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်နိုင်ရေးအတွက် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ဆင်နွှဲနေသော ၁၀၂၇ စစ်ဆင်ရေးတွင် တိုင်းရင်းသား အားလုံး ပါဝင်ရန် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP က ဖိတ်ခေါ်လိုက်သည်။

မြောက်ပိုင်းမဟာမိတ် ညီနောင် မဟာမိတ် ၃ ဖွဲ့က ဆင်နွှဲနေသော ၁၀၂၇ စစ်ဆင်ရေးကို KNPP ကြိုဆိုထောက်ခံပြီး ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီကို တည်ဆောက်နိုင်ရန် စစ်ကောင်စီကို အမြစ်ပြတ် ဖယ်ရှားရေးသည် အခရာကျကြောင်း ၊ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သော ကိုးကန့် (MNTJP/MNDAA)၊ တအာင်း (PSLF/TNLA) နှင့် ရက္ခိုင် (ULA/AA) တို့၏ ပူးတွဲ “၁၀၂၇ စစ်ဆင်ရေး” ကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အနေဖြင့် ပါဝင်မည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) အနေဖြင့် ကရင်နီပြည်နယ်တွင် သော်လည်းကောင်း၊ မြန်မာတစ်နိုင်ငံလုံးတွင် သော်လည်းကောင်း တော်လှန် ရေး အင်အားစုများနှင့် နိုင်ငံရေးနှင့်စစ်ရေးအရ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရေးကို စုပေါင်းခေါင်းဆောင်မှုဖြင့် အောက်ခြေမှစ၍ အုတ်မြစ်ချ တည်ဆောက်လျက်ရှိကြောင်း၊ အကြမ်းဖက် စစ်ကောင်စီက နိုင်ငံရေး နယ်ပယ်တွင် ရှိနေသ၍ မိမိ တို့လိုလားသော ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီကို တည် ဆောက်နိုင်မည် မဟုတ်သဖြင့် ရှေးဦးစွာ အကြမ်းဖက် စစ်ကောင်စီကို အမြစ်ပြတ်ဖယ်ရှားရေး သည် အခရာကျကြောင်း KNPP က ဆိုသည်။

ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်တို့ကို ကာကွယ်ရေး၊ နယ်မြေထိန်းချုပ်ရေး၊ အကြမ်း ဖက်စစ်ကောင်စီ၏ လေကြောင်းရန် ဟန့်တားရေး၊ စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေး နှင့် စစ်အာဏာရှင်များနှင့် အပေါင်းအပါတို့မှ ကျူးလွန်သော ရာဇဝတ်မှုများကို တိုက်ဖျက် နှိမ်နင်းရေးတို့ သည် မြန်မာနိုင်ငံ တဝှမ်းရှိ အဖိနှိပ်ခံ ပြည်သူတို့က လိုလားပြီး ထောက်ခံအားပေးသော လုပ်ဆောင်ချက်များ ဖြစ်သောကြောင့် ဤဟန်ချက်ညီ “၁၀၂၇ စစ်ဆင်ရေး” သည် နိုင်ငံတဝှမ်းရှိ ခုခံတော်လှန် သူ အင်အားစုများအတွက် များစွာ ခွန်အား ဖြစ်စေကြောင်း သိရသည်။

တစ်နိုင်ငံလုံးရှိ တော်လှန်ရေးအင်အားစုများ၊ ပြည်သူများနှင့် နိုင်ငံတကာအသိုင်း အဝန်းများမှ အကြမ်းဖက်စစ်အုပ်စုကို နိုင်ငံရေး၊ စစ်ရေးနှင့် ပိတ်ဆို့မှုအရ တပြိုင်တည်း ဝိုင်းဝန်း ခုခံတွန်းလှန်မည် ဆိုပါလျှင် စစ်အာဏာရှင်စနစ် မလွဲဧကန် ကျဆုံးမည်ဖြစ်ပြီး မိမိတို့၏ နိုင်ငံရေး ပန်းတိုင်သို့ ရောက်ရှိမည်ဖြစ် ကြောင်း “၁၀၂၇ စစ်ဆင်ရေး” ကို ကြိုဆိုရင်း ကျန်ရှိနေသေးသည့် တိုင်းရင်း သား တော်လှန်ရေးအဖွဲ့အစည်း အားလုံးတို့မှလည်း အရှိန်မြှင့် ပါဝင်လာကြရန် KNPP က အလေးအနက် ဖိတ်ခေါ်လိုက်သည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article