37 C
Yangon

ကျောက်မဲမြို့နယ်တွင် တော်လှန်ရေးတပ်များ တိုက်ခိုက်မည်ကို စိုးရိမ်၍ ထွေ/အုပ်၊ လ၀ကရုံး၊ တရားရုံး၊ ရဲစခန်းနှင့် ဌာနဆိုင်ရာရုံးအားလုံး၏ ဆိုင်း ဘုတ်များအားလုံးကို ဖြုတ်ချလိုက်ပြီး ရုံးတံခါးများ ပိတ်

Must read

ကျောက်မဲမြို့နယ်တွင် တော်လှန်ရေးတပ်များ တိုက်ခိုက်မည်ကို စိုးရိမ်၍ ထွေ/အုပ်၊ လ၀ကရုံး၊ တရားရုံး၊ ရဲစခန်းနှင့် ဌာနဆိုင်ရာရုံးအားလုံး၏ ဆိုင်း ဘုတ်များအားလုံးကို ဖြုတ်ချလိုက်ပြီး ရုံးတံခါးများ ပိတ်

ရန်ကုန်၊ အောက်တိုဘာ ၃၀

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်တွင် တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ် ထားသော နောင်ချိုမြို့နှင့် အနီးကပ် ဆုံးတွင် ရှိနေသည့် အတွက် တော် လှန် ရေး တပ်များက လာရောက် တိုက်ခိုက်မည်ကို စိုးရိမ်၍ ထွေ/အုပ်၊ တရား ရုံး၊ ရဲစခန်းနှင့် ဌာနဆိုင်ရာရုံးအားလုံး၏ ဆိုင်းဘုတ်များအားလုံးကို ဖြုတ်ချလိုက်ပြီး ရုံးတံခါးများပိတ်ထားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

“နောင်ချိုနဲ့ အနီးကပ်ဆုံးမှာရှိနေတော့ ကျောက်မဲမှာ ဌာနဆိုင်ရာ ရုံးအားလုံး ဆိုင်း ဘုတ်တွေ ဖြုတ်ချလိုက်ကြတယ်။ စစ်ကောင်စီ ရုံးတွေမှန်းမသိအောင် ဖြုတ် ချလိုက်တာ။ ထွေ/အုပ်ရုံး၊ လ၀ကရုံး၊ တရားရုံး၊ ခရိုင်တရားရုံး၊ ဆည် မြောင်းရုံး ၊ ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးရုံး မှာရှိတဲ့ ဆိုင်ပုဒ်တွေ ၊ ဗီနိုင်းတွေ အကုန်ခွာချလိုက်ကြပြီ” ဟု ကျောက်မဲမြို့ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ကျောက်မဲမြို့နယ်ရှိ ဌာနဆိုင်ရာရုံးများတွင် အလှည့်ကျ အနည်းဆုံး အင်အားသာ ရုံးတက်ပြီး ရုံးတံခါးများအားလုံးကို ပိတ်ထားကြောင်း၊ ကျောက်မဲ ရဲစခန်းတွင်လည်း ၂၄ နာရီ လုံခြုံရေး ချပြီး ရဲစခန်းတံခါးများ ပိတ်ထားကြောင်း၊ ညအချိန် ဌာနဆိုင်ရာ ရုံးများအားလုံးနှင့် ရဲစခန်းတွင် မီးပိတ်ထားကြောင်း သိရှိရ သည်။

“ရှိသမျှရုံး ဆိုင်းဘုတ်တွေ အကုန်ဖျက်ထားကြတာ။ အသေကြောက်နေကြပြီ။ ကျောက်မဲက Non-CDM သမားတွေ။ ရဲစခန်းကတော့ ရှေ့ပေါက်ပိတ် ထား တာ တွေ့တယ်။ သံဇကားတွေနဲ့ ပတ်ပတ်လည် ကာထားတာ” ဟု ကျောက်မဲ ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article