30.5 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၃၀ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၃၀ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ အောက်တိုဘာ ၃၀ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

– ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ သိန္နီရဲစခန်း အပါအဝင် စစ်တပ် စခန်းတွေကို ၁၀၂၇ စစ်ဆင်ရေးအဖြစ် တော်လှန်ရေးမဟာမိတ် တပ်တွေကနေ ဆက်တိုက် သိမ်းပိုက်နေပြီး၊ စစ်ကောင်စီ ဘက်က အရာရှိတွေအပါအဝင် သေတဲ့သူတွေ များနေတဲ့အပြင် ၊ အရှင်ဖမ်းမိတဲ့သူတွေနဲ့ လက်နက်ခဲ ယမ်းတွေပါ ထပ်မံရရှိထားတယ်လို့ MNDAA ကနေ တရားဝင် သတင်း ထုတ်ပြန်ထားပါတယ်။

– ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ် ထားတဲ့ နောင်ချိုမြို့နဲ့ အနီးကပ် ဆုံးမှာ ရှိနေတဲ့အတွက် တော်လှန်ရေး တပ်တွေ လာရောက် တိုက်ခိုက်မှာကို စိုးရိမ်ကြောက်လန့်ပြီး အကြမ်း ဖက် စစ်ကောင်စီရဲ့ ထွေအုပ်ရုံး ၊ တရား ရုံး၊ ရဲစခန်း နဲ့ ဌာနဆိုင်ရာရုံးအားလုံးရဲ့ ဆိုင်းဘုတ် တွေအားလုံးကို ဖြုတ်ချလိုက်ပြီး ရုံးတံခါးတွေပါ ပိတ်ထားတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

– စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်မှာ ရက္ခိုင်တပ်တော်AA တပ်တွေ ရောက်ရှိနေပြီး အကြမ်းဖက် စစ်ကောင်စီ တပ်တွေ နဲ့ ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်လိုက်တဲ့ သတင်း အပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article