34 C
Yangon

ပေါင်းတည်မြို့နယ်၊ သစ်ပုတ်ရွာရှိ တာဝါတိုင်စောင့် စစ်သားများကို ပစ်ခတ် တိုက်ခိုက်၊ ချောင်းဦးရှိ ကံကြီးကုန်းရွာပျူစောထီး စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

Must read

ပေါင်းတည်မြို့နယ်၊ သစ်ပုတ်ရွာရှိ တာဝါတိုင်စောင့် စစ်သားများကို ပစ်ခတ် တိုက်ခိုက်၊ ချောင်းဦးရှိ ကံကြီးကုန်းရွာပျူစောထီး စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

ရန်ကုန်၊ နိုဝင်ဘာ ၂

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ သစ်ပုတ်ရွာရှိ တာဝါတိုင်စောင့် စစ်သားများကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ပြည်ခရိုင် ၃၆၀၂ တပ်ရင်းထံမှ သိရသည်။

အောက်တိုဘာလ ၃၀ ရက်နေ့ ည ၉ နာရီ ၂၀ မိနစ်ခန့်တွင် ပေါင်းတည်မြို့နယ်၊ သစ်ပုတ်အုပ်စု၊ သစ်ပုတ်ရွာတာဝါတိုင်စောင့် အကြမ်းဖက် စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ငယ်များဖြင့် သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှုရှိနိုင်ပြီး အသေးစိတ်ကိုတော့ စုံစမ်းထောက်လှမ်းနေဆဲဖြစ်ကြောင်း၊ တာဝါတိုင်စောင့် စစ်သားများကို တိုက်ခိုက်ရခြင်းသည် ရိုးမပေါ်ကို စစ်ကြောင်းထိုးရန် တက်လာသည့် စကစတပ်ဖွဲ့ဝင်များကို ယာယီစခန်းချရန် နေရာပေးခြင်း၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ၏ သတင်းများပေးပို့ခြင်း၊ အနီးပတ်ဝန်းကျင် ကျေးရွာများမှ ပြည်သူများအပေါ် နိုင်ထက်စီးနင်း အဓမ္မငွေကြေးတောင်းခံခြင်း၊မပေးနိုင်ပါက ဖမ်းဆီးနှိပ်စက်ခြင်းတို့ကြောင့် လုပ်ဆောင်ခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။

တိုင်းရင်းသား ညီနောင် မဟာမိတ်များ၏ (operation 1027) ကို ဂုဏ်ပြုထောက်ခံ​ သောအားဖြင့် ပြည်ခရိုင် (၃၆၀၂ PDF) တပ်ရင်း တပ်ခွဲ (၁) တပ်ခွဲ (၄) နှင့် ပြည်ခရိုင် (၃၆၀၁ PPDF) တပ်ရင်း တပ်ခွဲ (၅) တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်း ပျူရွာစခန်းကို မောင်းသူမဲ့လေယာဉ်ငယ်ဖြင့် ဗုံးကျဲတိုက် ခိုက်ခဲ့ကြောင်း Super Fighter PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အောက်တိုဘာလ ၂၉ ရက် ည ၉ နာရီခန့်မှ နံနက် ၆ နာရီခန့်အထိ ချောင်းဦးမြို့နယ်၊ ကံကြီးရွာတွင် တပ်စွဲပြီး ပြည်သူလူထုကို အမျိုးမျိုး ဒုက္ခပေးနေသော အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီးများအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ မောင်းသူမဲ့လေယာဉ်ဖြင့်လည်းကောင်း၊ လက်နက်ကြီးများဖြင့် လည်း ကောင်း ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

“ည ၉ နာရီနေပြီး မနက် ၆ နာရီအထိ နာရီခြားနဲ့ ချခဲ့တာဗျ၊ ဗုံးသီးကတော့ ၁၂ လုံးချခဲ့တယ်၊ လက်နက် ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်ပစ်တာတော့ရှိတယ်၊ သေဆုံးထိခိုက်မှုကတော့ စုံစမ်းနေတုန်းဆဲပါဗျ” ဟု Super Fighter PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အဆိုပါ တိုက်ခိုက်မှုကို Super Fighter PDF(ရေစကြို) ၊ ရေစကြိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလ ဖ) ၊ ယင်းမာပင် ခရိုင်တပ်ရင်း ၂၈ ဓားမဆိုင်းတပ်မတော်၊ ငမိုးရိပ်စစ်ကြောင်း၊ လျှပ်စီး တပ်ခွဲ ၃၊ မြိုင်မြို့ နယ် ပကဖ Drone တပ်ဖွဲ့ ၊ မိုးကြိုး ကျည်ဆံ ပြောက်ကျားတပ်ဖွဲ့နှင့် Independence Army- IA တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Super Fighter PDF နှင့် ညီနောင်မဟာမိတ်အဖွဲ့တို့ စစ်ဆင်ရေးများ ယခုထက် ပိုမို ဆက်လက်ပြု လုပ် နိုင်ရန်အတွက် မိဘပြည်သူများမှ တက်စွမ်းသမျှ ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article