38 C
Yangon

၁၀၂၇ စစ်ဆင်ရေး၏ ၇ ရက်မြောက်နေ့တွင် တုံရှမ်းဒေသရှိ စစ်တပ်စခန်း ၂ နှင့် ရွှေလီကြိုးတံတားရှိ ရဲကင်းတို့ကို တိုက်ခိုက် သိမ်းပိုက်

Must read

၁၀၂၇ စစ်ဆင်ရေး၏ ၇ ရက်မြောက်နေ့တွင် တုံရှမ်းဒေသရှိ စစ်တပ်စခန်း ၂ နှင့် ရွှေလီကြိုးတံတားရှိ ရဲကင်းတို့ကို တိုက်ခိုက် သိမ်းပိုက်

ရန်ကုန်၊ နိုဝင်ဘာ ၂

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေး၏ ၇ ရက်မြောက်နေ့တွင် တုံရှမ်းဒေသရှိ စစ်တပ်စခန်း ၂ နှင့် ရွှေလီကြိုးတံတားရှိ ရဲကင်းတို့ကို တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်သည်။

ယနေ့ နိုဝင်ဘာလ ၂ ရက်နေ့၊ နံနက် ၆ နာရီ ၁၂ မိနစ် နှင့် ၇ နာရီ ၄၂ မိနစ် တို့တွင် ကိုးကန့်ခရိုင်၊ တုံးရှမ်းဒေသရှိ အကြမ်းဖက် စစ်တပ်၏ တပ်စခန်း ၂ ခု ကို အပြီးသတ်ချေမှုန်း တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် နံနက် ၆ နာရီခန့်တွင် တအာင်းတပ်မတော် TNLA နှင့် MDY PDF ပူးပေါင်းတပ်ဖွဲ့တို့က နောင်ချိုမြို့နယ်၊ ရွှေညောင်ပင်ကျေးရွာနှင့် အုမ္မတီးကျေးရွား အကြား စခန်းချထားသော စစ်တပ် စခန်း ၁ ခုကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အလားတူ နံနက် ၁၁ နာရီ မိနစ် ၅၀ အချိန်တွင် တအာင်းတပ်မတော် TNLA က နမ့်ခမ်းမြို့နှင့် မန့်ဝိန်းကြီး အကြား ဆက်သွယ်ထားသော အကြမ်းဖက် စစ် ကောင်စီ၏ “ရွှေလီကြိုးတံတားရဲကင်း” ကို သွားရောက် ရှင်းလင်းခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ၊ သိန္နီနှင့် ကွမ်းလုံမြို့များတွင် စစ်ရှိန်မြင့်တက်နေလျက်ရှိကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန် ထား သည်။

၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့မှစတင်၍ ယနေ့အထိ ချင်းရွှေဟော်မြို့၊ ဖောင်းဆိုင်မြို့၊ သိန္နီမြို့နှင့် ကြူကုတ် (ပန်ဆိုင်း) မြို့များကို ညီနောင်မဟာမိတ် (၃) ဖွဲ့က အလုံးစုံ ထိန်း ချုပ်နိုင်ခဲ့ပြီး အောက်တိုဘာလ ၃၁ ရက်နေ့တွင် မူဆယ်ခရိုင်၊ မုံးကိုးမြို့၊ ဖောင်းဆိုင် ဒေသ တွင် ရန်သူ့သံချပ်ကာကား ၁ စီးကို ထပ်မံ သိမ်းဆည်းရရှိခဲ့ပြီး စစ်ဆင်ရေး ၆ ရက် အတွင်း သံချပ်ကာ ကား စုစုပေါင်း ၆ စီးအား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article