39 C
Yangon

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၂ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၂ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ နိုဝင်ဘာ ၂ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

၁၀၂၇ စစ်ဆင်ရေး (၇) ရက်မြောက်နေ့ဖြစ်တဲ့ ဒီကနေ့ နိုဝင်ဘာလ ၂ ရက်နေ့မှာတော့ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန်းနီ နဲ့ ကြူကုတ် (ပန်ဆိုင်း) မြို့တွေကို ညီနောင်မဟာမိတ်တွေကနေ အလုံးစုံ ထိန်းချုပ် နိုင်ပြီဖြစ်သည့် အပြင် ၊ နမ့်ခမ်းမြို့နဲ့ မန့်ဝိန်းကြီး ကြားက စစ်ကောင်စီ ရဲစခန်းကိုလည်း ထပ်မံ သိမ်းပိုက် ရှင်းလင်းလိုက်ပြီး လက်နက်ခဲယမ်း အချို့လည်း သိမ်းဆည်းရရှိထားတယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ကနေ တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။

– စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်က အကြမ်းဖက် စစ်ကောင်စီရဲ့ ရေအောက်တောင်း စစ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက် တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံ ပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

– ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်က အကြမ်းဖက် စစ်ကောင်စီရဲ့ မြို့မရဲစခန်း၊ ခမရ ၉၇ တပ်ရင်း အပါအဝင် စစ်တပ် တပ်စွဲထားတဲ့ နေရာ ၆ ခုကို တော်လှန်ရေးအင်အားစု တပ်ဖွဲ့တွေကနေ မောင်းသူမဲ့ လေယာဉ်ငယ်တွေ နဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက် ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article