25 C
Yangon

လောင်းလုံးမြို့မှ ထွက်လာသော စစ်ကြောင်းနှင့် PDF တပ်ဖွဲ့များ တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ မေ ၃

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့မှ ထွက်လာသော စစ်ကြောင်းနှင့် PDF တပ်ဖွဲ့များ တိုက်ပွဲ ဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် ၂ ဦးသေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၇ ရက်နေ့ နံနက် ၆ နာရီခန့်တွင် လောင်းလုံးမြို့မှ အင်အား ၄၀ ကျော်ခန့်ဖြင့် ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ယင်းနေ့ နံနက် ၇ နာရီခန့်တွင် တော်လှန်ရေး တပ်ဖွဲ့များနှင့် ၁၅ မိနစ်ခန့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း၊ နံနက် ၁၁ နာရီခန့်မှ ညနေ ၄ နာရီခန့်အထိ တိုက်ပွဲထပ်မံ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် ၂ ဦး သေဆုံးခဲ့ပြီး လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော် ၁ ဦးမစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“နံနက် စောစောထဲက စစ်ကြောင်း စထွက်လာတာ သိတာနဲ့ အသင့်စောင့်ဆိုင်းနေခဲ့ပြီး သူတို့ စစ်ခွေးတွေ ပစ်မှတ်နေရာ ရောက်တာနဲ့ တိုက်ကြတာပါ။ သူတို့က ဘုန်းကြီးကျောင်းထဲ ဝင်ပြေးပြီး အကာယူလိုက်တယ်။ ကျွန်တော်တို့ဘက်က လည်း စနိုက်ပါနဲ့ ရော အပြန်လှန်တိုက်ခိုက်ခဲ့ကြတာပါ။ ၄ နာ ရီလောက်ကြာပြီးနောက် အဲစစ်ကြောင်းက ပြန်ဆုတ်ပြေးပြီး လောင်းလုံးမြို့ထဲဝင်သွားတယ်။ စစ်ခွေးတွေ မြို့ထဲရောက်ပြီးတာနဲ့ တိုက်ပွဲဖြစ်ရာနေရာကို လက်နက်ကြီးတွေနဲ့ ပြန်ပစ် လုပ်ဆောင်နေတယ်။ အခုထိတော့ အဲစစ်ကြောင်း က လောင်းလုံးမြို့ထဲမှာပဲ ရှိနေသေးတယ်။ ညဘက်ဆို လက်နက်ကြီးတွေနဲ့ မြို့ပြင်ဘက်နားကို ပစ်နေတာတော့ရှိတယ်။ နေအိမ် ၁ လုံးတော့ အနည်းငယ်ပဲ ထိခိုက်ပြီး ပြည်သူတွေ မထိခိုက်ဘူး” ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို လောင်းလုံးမြို့နယ် အတွင်းရှိ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များ အဖွဲ့ပေါင်းစုံ ပါဝင်ခဲ့ပြီး လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့မှ လိပ်ပြာတပ်စု ၊ တောသားလေးတပ်စု ၊ ရွှေသောင်ယံတပ်စု ၊ ဇုန်-၄တပ်စု၊ လောင်းလုံး(ပကဖ)ဒရုန်းတပ်ဖွဲ့၊ စနို-က်ပါတပ်ဖွဲ့၊ ကင်းမြီးကောက်ပြောက်ကျားတပ်စု၊ ဂဠုန်တပ်စု များပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article