34 C
Yangon

ဒီပဲယင်းမြို့နယ်ရှိ လက်ယက်ကုန်းရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံး၊ အသက် ၅ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၃ ဦးဒဏ်ရာရ

Must read

ဒီပဲယင်းမြို့နယ်ရှိ လက်ယက်ကုန်းရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံး၊ အသက် ၅ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၃ ဦးဒဏ်ရာရ

ရန်ကုန်၊ နိုဝင်ဘာ ၂

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ လက်ယက်ကုန်းရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ တာဝန်ခံ ကိုကြီးဖြိုးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁ ရက်နေ့ ညပိုင်းတွင် ရေဦးမြို့နယ်ရှိ တိုင်းရင်းဆေးရုံ၌ တပ်စွဲထားသော စစ်သားများသည် ဒီပဲယင်းမြို့နယ်အတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ လက်ယက်ကုန်းကျေးရွာအတွင်း လက်နက်ကြီး ၂ လုံးကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၄၂ နှစ်အရွယ် ဒေါ်ချယ်ရီအေးသည် ပွဲချင်းပြီးသေဆုံးခဲ့ပြီး အသက် ၄၆ နှစ်အရွယ် ဒေါ်ခင်ဝေဦးသည် ဆေးကုသမှု ခံယူနေစဥ် သေဆုံးခဲ့ကြောင်း သိရသည်။

လက်ရှိချိန်တွင် အသက် ၅ နှစ်အရွယ် မောင်ဖြိုးခန့်ဇော်သည် စိုးရိမ်ဒဏ်ရာများဖြင့် ဆေးကုသမှု ခံယူနေရပြီး အသက် ၁၆ နှစ်အရွယ် မောင်ဖြိုးပြည့်စုံနှင့် အသက် ၁၇ နှစ်အရွယ် မောင်ကောင်းစည်သူတို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ယမန်နေ့ညပိုင်းတွင် အကြမ်းဖက် စစ်တပ်က ရေဦးမြို့နယ်မှ ဒီပဲယင်းမြို့နယ် ဘက်ကို လက်နက်ကြီးများဖြင့် ၁၉ ကြိမ် ထက်မနည်း ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article