30 C
Yangon

မိုးကောင်းမြို့နယ်တွင် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး၊ ကြို့ပင်ကောက်တွင်လည်း စစ်တပ်အခြေ စိုက်စခန်းကို ပစ်ခတ်တိုက်ခိုက်

Must read

မိုးကောင်းမြို့နယ်တွင် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး၊ ကြို့ပင်ကောက်တွင်လည်း စစ်တပ်အခြေ စိုက်စခန်းကို ပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ နိုဝင်ဘာ ၃

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ တောင်နီကျေးရွာရှိ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ပြည်သူ့ စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း မိုးကောင်းမြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ နိုဝင်ဘာလ ၃ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၄၀ ခန့်က မိုးကောင်းမြို့နယ်၊ တောင်နီကျေးရွာအနီးရှိ ပြည်သူ့စစ်တပ်စခန်း၌ ပြည်သူ့စစ် ၄ ဦးရှိနေသည့်အချိန် မိုးကောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“အဲနားမှာက ပြည်သူ့စစ်တွေပဲ ပိုများပါတယ်၊ ဒီနေ့လဲ အဲဒီစခန်းမှာ ၄ ဦးထဲရှိနေတာကြောင့် ဝင်တိုက်ခဲ့ တာပါ၊ လက်နက်တွေ သိမ်းဆည်းရရှိခဲ့တာမျိုးမရှိပါဘူး၊ ရဲဘော်တွေအားလုံး ဘေးကင်းပါတယ်၊ အား လုံး စခန်းပြန်ရောက်ကြပါပြီ” ဟု မိုးကောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – KPDF မိုးကောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အလားတူ နိုဝင်ဘာလ ၂ ရက်နေ့ နံနက် ၉ နာရီနှင့် ညနေ ၅ နာရီ ၂၅ မိနစ်ပဲခူးတိုင်း ၊ ကြို့ပင်ကောက်မြို့နယ် အရှေ့ဘက်ရိုးမ တောင်ခြေရှိ ပုဇွန်စိတ် ဆင်စခန်း ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များကို တော်လှန်ရေးတပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိနိုင်ကြောင်း ရိုးမညီနောင် မဟာမိတ်တပ်ဖွဲ့မှ ဗိုလ်မိုးကြိုးက ပြောဆိုသည်။

အဆိုပါ စစ်တပ်စခန်းကို တိုက်ခိုက်မှုတွင် သာယာ၀တီခရိုင် PDF တပ်ရင်း ၃၈၀၁ ၊ တပ်ခွဲ ၁ YOMA GBK. သာယာ၀တီခရိုင် PDF တပ်ရင်း ၃၈၀၁ တပ်ခွဲ ၃ BTZ GBK PDF ၊ PDF တပ်ရင်း ၃၈၀၁ ၊ တပ်ခွဲ ၅ ၊ ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့ နှင့် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၁ Brother People Defense Force တို့က ပူးပေါင်း တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ ၈၀ မမ ၊ ၄၀ မမ လက်နက်ကြီး လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article