30 C
Yangon

ဂန့်ဂေါမြို့နယ် မင်းရွာရဲကင်းစခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက် သိမ်းပိုက်မှုတွင် ရဲနှင့်စစ်သား ၁၀ ဦး ဝန်းကျင် အရှင်ဖမ်းမိ

Must read

ဂန့်ဂေါမြို့နယ် မင်းရွာရဲကင်းစခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက် သိမ်းပိုက်မှုတွင် ရဲနှင့်စစ်သား ၁၀ ဦး ဝန်းကျင် အရှင်ဖမ်းမိ

ရန်ကုန်၊ နိုဝင်ဘာ ၄

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မင်းရွာရဲကင်းစခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက် သိမ်းပိုက်မှုတွင် ရဲနှင့်စစ်သား ၁၀ ဦး ဝန်းကျင် အရှင်ဖမ်းမိကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရှိရသည်။

နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ဝန်းကျင်အချိန် ABSDF အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာတွင် သေဆုံးသူများ များပြာပြီး အရှင်ဖမ်းမိသူ စစ်သားနှင့်ရဲ ၁၀ဦး ဝန်းကျင်ရှိကြောင်း ၊စခန်းအတွင်းမှ လက်နက်များ သိမ်းဆည်းရရှိပြီး စခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

“တိုက်ပွဲအတွင်းမှာ ဒဏ်ရာရသူ ရဲဘော် ရှစ်ဦးတော့ရှိတယ်။ ထောက်ပို့လုပ်ပေးနေတဲ့ ပ.အ.ဖ နှစ်ဦး၊ ပြည်သူနှစ်ဦးကတော့ လက်နက်ကြီးထိလို့ ကျသွားတယ်” ဟု ဂန့်ဂေါမြို့နယ် ပ.က.ဖ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားခဲ့ချိန် မင်းရွာဝန်းကျင်ကို ဂန့်ဂေါမြို့ပေါ်စစ်ကောင်စီတပ် ခ.လ.ရ ၅၀ က လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ကြောင်း၊ မင်းရွာရဲစခန်းသိမ်းပိုက်ခံရသဖြင့် ဂန့်ဂေါမြို့ပေါ်မှ စစ်ကောင်စီတပ်က မြို့တောင်ဘက် လေးမိုင်အကွာ ပျားရွာအထိ တပ်ဖြန့်လာကြောင်း သိရှိရသည်။

(မျက်မှောက်ခေတ်သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article