38 C
Yangon

လားရှိုးမြို့နယ်ရှိ ပြည်သူ့စစ်စခန်း ၂ ခု၊ နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၂ ခု စုစုပေါင်း စစ်တပ်စခန်း ၄ ခုကို TNLA က တိုက်ခိုက်သိမ်းပိုက်

Must read

လားရှိုးမြို့နယ်ရှိ ပြည်သူ့စစ်စခန်း ၂ ခု၊ နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၂ ခု စုစုပေါင်း စစ်တပ်စခန်း ၄ ခုကို TNLA က တိုက်ခိုက်သိမ်းပိုက်

ရန်ကုန်၊ နိုဝင်ဘာ ၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်ရှိ ပြည်သူ့စစ်စခန်း ၂ ခု၊ နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၂ ခု စုစုပေါင်း စစ်ကောင်စီတပ်စခန်း ၄ ခုကို တိုက်ခိုက် သိမ်းပိုက်ရရှိကြောင်း တအာင်းတပ်မတော် TNLA က တရားဝင် ပြောဆိုထားသည်။

နိုဝင်ဘာလ ၄ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန် လာရှိုးမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ဂျာယန် ပြည်သူ့စစ် စခန်း နှင့် မိုင်းယန်း ပြည်သူ့စစ် စခန်း ၂ ခုတို့ကို တအာင်းတပ်မတော် PSLF/TNLA တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်အချိန် နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ ဝါရော့တပ်စခန်းနှင့် ထိန်ကန်ကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်း ၂ ခု တို့ကိုတအာင်းတပ်မတော် PSLF/TNLA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်က ယမန်နေ့ညမှ နိုဝင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်း နောင်ချိုမြို့နယ်ရှိ၊ လယ်ကြီးတောကျေးရွာဘက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိ၊ မည့်သည်လက်နက်ကိုင်မှမရှိဘဲ နောင်ချို ၁၁၅ စစ်ကောင်စီတပ်က ၁၀၂၊ ၁၀၅ မမ ဟောင်ဝစ်ဇာ လက်နက်ကြီးဖြင့် ၂၀ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် အမျိုးသမီး၊ ကလေးငယ် ၁ ဦး ထိမှန်ဒဏ်ရာရရှိကြောင်း၊ နေအိမ်

၃ လုံးလည်း ထိမှန်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် စစ်ကောင်စီ သိန္နီတပ်က တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားသော မိုင်းပါးတပ်စခန်းဘက်သို့ လက်နက်ကြီး ၇ လုံး ထပ်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article