32 C
Yangon

ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်ရွာ ရဲစခန်းအနီး တိုက်ပွဲဖြစ်ပွားနေစဥ် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲ တိုက်ခိုက်၍ နေအိမ် ၃ လုံးပျက်စီး

Must read

ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်ရွာ ရဲစခန်းအနီး တိုက်ပွဲဖြစ်ပွားနေစဥ် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲ တိုက်ခိုက်၍ နေအိမ် ၃ လုံးပျက်စီး

ရန်ကုန်၊ နိုဝင်ဘာ ၅

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်ရွာ ရဲစခန်းအနီး တိုက်ပွဲဖြစ်ပွားနေစဥ် အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲ တိုက်ခိုက်၍ နေအိမ် ၃ လုံးပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၅ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်ရွာ ရဲစခန်းအနီး တိုက်ပွဲဖြစ်ပွားနေစဥ် အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် နေအိမ် ၃ လုံးပျက်စီးခဲ့ကြောင်း သိရသည်။

“မနက်အစောကြီး ရဲစခန်းအသိမ်းခံရတာနဲ့တူတယ်။တိုက်ပွဲဖြစ်တဲ့ အသံတွေက တော့ဆူညံနေတာပဲ။ အဲလိုဖြစ်နေတုန်း နံနက်ခင်း ၅ နာရီ ၅၅ မိနစ်လောက်ရောက်တော့ လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံးလာကျဲချတယ်။ ၁ လုံးကတော့ ပေါက်ကွဲတယ်။ နေအိမ် ၃ လုံးတော့ ပျက်စီးတယ်။ နောက်တစ်လုံးကတော့ မပေါက်ကွဲသေးဘူး။ ညတိုက်ပွဲဖြစ်ကြကတည်းက အရပ်သား တစ်ချို့ကတော့ စစ်ဘေးရှောင်တာတွေ ရှိတယ်။ တစ်ချို့ကတော့ တိုက်ပွဲထဲပိတ်မိနေတာတွေလည်း ရှိနေသေးတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

လက်ရှိချိန်ထိ အကြမ်းဖက် စစ်တပ်နှင့် ဒေသ ပြည်သူကာကွယ်းရေးအဖွဲ့များ တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေသောကြောင့် ပြည်သူများ ထိခိုက်သေဆုံးခြင်း ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း ဒေသပြည်သူများထံမှ သိရသည်။

အကြမ်းဖက် စစ်တပ်ကလည်း စိုင်ပြင် ရဲစခန်းကို စစ်ကူ ပေးရန် ဒီပဲယင်းမြို့မှ အင်အား ၇၀ ပါသော စစ်ကြောင်းသည် ယနေ့ နံနက်ပိုင်းတွင် စိုင်ပြင်ရွာဘက်ကို စစ်ကြောင်းထိုးကာ ထွက်ခွာလာကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article