28 C
Yangon

ခင်ဦး- ရေဦး လမ်းပိုင်းရှိ မူးတိမ်ချောင်း အနီး တပ်စွဲထားသော စစ်သားများ စခန်းစွန့်ခွာ ထွက်ပြေး၊ မကျီးတုံ ပျူစောထီးရွာကို တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်

Must read

ခင်ဦး- ရေဦး လမ်းပိုင်းရှိ မူးတိမ်ချောင်း အနီး တပ်စွဲထားသော စစ်သားများ စခန်းစွန့်ခွာ ထွက်ပြေး၊ မကျီးတုံ ပျူစောထီးရွာကို တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်

ရန်ကုန်၊ နိုဝင်ဘာ ၅

စစ်ကိုင်းတိုင်း၊ ခင်ဦး- ရေဦး လမ်းပိုင်းရှိ မူးတိမ်ချောင်း အနီး တပ်စွဲထားသော အကြမ်းဖက် စစ်သားများ စခန်းစွန့်ခွာ ထွက်ပြေးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၄ ရက်နေ့ ည ၇ နာရီခန့်တွင် ခင်ဦး-ရေဦး လမ်းပိုင်းရှိ သာဂရရွာနှင့် မြင်းဒေါင်းရွာ အကြား မူးတိမ်ချောင်း ဝန်းကျင်၌ တပ်စွဲထားသည့် စစ်သားများသည် တပ်စခန်းကို စွန့်ခွာ ထွက်ပြေးသွားပြီး ရေဦး ခရိုင်ရုံးရှိ စစ်သားများနှင့် သွားရောက် ပူးပေါင်း​တပ်စွဲနေကြောင်း သိရသည်။

အဆိုပါ စစ်တပ် အထိုင် စခန်းကို တော်လှန်ရေးရဲဘော်များက နယ်မြေ ရှင်းလင်းရာတွင် ၆၀ မမ ၁ လုံး၊ စစ်ယူနီဖောင်း အင်္ကျီ ၁ ထည်၊ ဘောင်းဘီ၊ ဖိနပ်နှင့် မိုးကာအင်္ကျီများ သိမ်းဆည်းရရှိပြီး ဘန်ကာ ၁၅ လုံးနှင့် လူနေ အဆောင် ၈ လုံးတို့ကို ရှင်းလင်းခဲ့ကြောင်းတော်လှန်ရေးရဲဘော် တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ခင်ဦးမြို့ပေါ်တွင် အကြမ်းဖက် စစ်တပ်က ရဲစခန်း၊ ဆေးရုံနှင့် မင်းသိုက်တိုက် ၃ နေရာတို့၌ တပ်ဆွဲထားကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်သားများသည် ခင်ဦးမြို့နယ် အတွင်းရှိ မကျီးတုံရွာ၊ မဒေါင်းလှရွာ၊ ပျဥ်ထောင်ရွာ၊ ရွာသစ်ကုန်းရွာနှင့် မူးတိမ်ချောင်းရွာ စသည့် နေရာ ၅ ခု၌ ပျူစောထီးများဖြင့် အထိုင်ချ တပ်စွဲထားခြင်း ဖြစ်ကြောင်းသိရသည်။

အောက်တိုဘာ ၃၀ ရက်နေ့တွင် အဆိုပါ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများများထဲမှ မကျီးတုံ ပျူစောထီးရွာကို တော်လှန်ရေးရဲဘော်များ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ မကျီးတုံရွာကို ရွှေဘိုခရိုင် တပ်ရင်း ၃ ၊ မြို့နယ် ပကဖ ၊ ပလဖတို့မှ ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်း ဖြစ်ပြီး BA 64 ၁ လက်၊ ကာဘိုင် ၄ လက်၊ ဂျောက်ဂျက်တွဲဘော ၂ လက်အပြင် အခြားပစ္စည်းများ သိမ်းဆည်းရမိကြောင်း၊ ဘန်ကာများ၊ ကင်းတဲများကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း ‎တော်လှန်ရေးရဲဘော်များက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article