28 C
Yangon

ဂန့်ဂေါမြို့နယ်၊ မင်းရွာ ရဲစခန်းသိမ်း တိုက်ပွဲ အောင်ပွဲဆင်လာသည့် တော်လှန်ရေး ရဲဘော်များကို ပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆို

Must read

ဂန့်ဂေါမြို့နယ်၊ မင်းရွာ ရဲစခန်းသိမ်း တိုက်ပွဲ အောင်ပွဲဆင်လာသည့် တော်လှန်ရေး ရဲဘော်များကို ပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆို

ရန်ကုန်၊ နိုဝင်ဘာ ၅

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မင်းရွာ ရဲစခန်းသိမ်း တိုက်ပွဲ အောင်ပွဲဆင်လာသည့် တော်လှန်ရေး ရဲဘော်များကို ပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြောင်း ABSDF Column – 3 ထံမှ သိရသည်။

နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၅ နာရီ ၅၀ မိနစ်အချိန်မှ နံနက် ၁၀ နာရီခန့် အထိ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ဂန့်ဂေါခရိုင် အမှတ် ၁၊ ၇၊ ၁၁၊ ၁၂၊ ၁၄၊ ၁၉ တပ်ရင်း၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ၊ နယ်မြေခံ ပကဖ တို့ပူးပေါင်းကာ စခန်းသိမ်း တိုက်ပွဲဆင်နွှဲခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၆ ဦး သေဆုံးကာ စစ်သုံ့ပန်းအဖြစ် ၁၁ ဦး လက်နက်ချ အညံ့ခံခဲ့ပြီး ၄ ဦး စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article