30 C
Yangon

ကနီမြို့နယ်၊ ချင်းတွင်းမြစ်တွင် စစ်တပ်၏ သင်္ဘော ၂ စီးကို PDF တပ်များက တိုက်ခိုက်သိမ်းပိုက်ရရှိပြီး စစ်သား အများအပြား သေဆုံး

Must read

ကနီမြို့နယ်၊ ချင်းတွင်းမြစ်တွင် စစ်တပ်၏ သင်္ဘော ၂ စီးကို PDF တပ်များက တိုက်ခိုက်သိမ်းပိုက်ရရှိပြီး စစ်သား အများအပြား သေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၆

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်း မြစ်ကြောင်း တနေရာ၌ အကြမ်းဖက်စစ်တပ် သင်္ဘော ၂ စီးကို သိမ်းဆည်းရရှိခဲ့ပြီး ၂ ရက်ဆက်တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ် သား ၂၀ ကျော် သေဆုံးခဲ့ကြောင်း ကျောက်လုံးကြီး KLG တပ်မဟာမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ နိုဝင်ဘာလ ၆ ရက်နေ့ ည ၁၀ နာရီခန့်က ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းအတွင်း သောင် တင်နေသော အကြမ်းဖက်စစ်တပ် ထောက်ပို့သင်္ဘော ၇ စီးကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များက ဝင် ရောက်တိုက်ခိုက်ခဲ့ရာ ၁ နာရီခန့်အကြာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ပြီး ဆိတ်၊ မြင်းအကောင် ၂၀ ခန့်တင်ဆောင်ထားသည့် သင်္ဘော ၂ စီးကို သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ အဆိုပါ သင်္ဘော ၂ စီးပေါ်မှ မြင်း ၃ ကောင်အရှင်သိမ်းဆည်းရရှိခဲ့ပြီး ကျန်ဆိတ်၊ နွား၊မြင်းတို့မှာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုအတွင်း သေဆုံးသွားကြောင်း သိရသည်။

“သင်္ဘော ၂ စီးတော့ သိမ်းယူနိုင်ခဲ့တယ်၊ စစ်ခွေးတွေက ကျန်တဲ့ သင်္ဘော ၅ စီးပေါ်ထွက်ပြေးသွားတာ၊ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိတာမရှိပါဘူး၊ နွားတွေ ဆိတ်တွေ၊ မြင်းတွေပဲ သိမ်းဆည်းရရှိခဲ့ တယ်၊ မြင်း ၃ ကောင်တော့ အရှင်ရတယ်၊ ကျန်တာတွေက အသေတွေ၊ အပြန်အလှန်ပစ်ခတ်တိုက်ခိုက် ရင်းသေကုန်တာ၊ အကောင်ရေကတော့ ခန့်မှန်း ၂၀ လောက်ပဲရှိမှာ၊ ကျန်တဲ့သင်္ဘော ၅ စီးကလည်း အခု သိမ်းမိတဲ့ သင်္ဘော ၂ နဲ့ဆိုရင် ကိုက် ၃၀၀ အကွာလောက်မှာပဲရှိတယ်” ဟု ကျောက်လုံးကြီး KLG တပ်မ ဟာ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထို့ပြင် နိုဝင်ဘာလ ၅ ရက်နေ့မှ နိုဝင်ဘာလ ၆ ရက်နေ့အထိ ၂ ရက်ဆက်တိုက် သင်္ဘော ဝမ်းဗိုက်အတွင်း ပုန်းအောင်နေရာမှ အပြင်သို့ လေညှင်းထွက်ခံသည့် အကြမ်းဖက်စစ်သားများကို မီတာ ၂၀၀ အကွာမှ စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ပစ်ခတ်တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၂၀ ကျော်သေဆုံးခဲ့ကြောင်း၊ အဆို ပါအကြမ်းဖက်စစ်တပ် သင်္ဘော ၇ စီး နိုဝင်ဘာလ ၄ ရက်နေ့တွင် ကနီမြို့မှ ဆင်းလာကာ သောင်တင် နေခြင်းဖြစ်ကြောင်း သိရသည်။

“အဲကောင်တွေ သင်္ဘော ဝမ်းဗိုက်ထဲမှာ နေကပူနဲ့ ငရဲကျနေတာ၊ အပြင်ထွက်လာတော့လည်း စနိုက်ပါ စာမိနဲ့၊ ကုန်းပတ်ပေါ်တက်လာတာနဲ့ စနိုက်ပါနဲ့ ပစ်နေတာ၊ အခုလည်း ထွက်လာသမျှ စခတွေကို စနိုက်ပါ နဲ့ တေ့ဖြုတ်နေတယ်၊ ၅ ရက်နေ့ တနေကုန်နဲ့ ၆ ရက်နေ့ တနေကုန်ပစ်ခဲ့တာ ၂၀ ကျော်သေတယ်၊” ဟု ကျောက်လုံးကြီး KLG တပ်မဟာမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

အဆိုပါတိုက်ခိုက်မှုများကို ယင်းမာပင်ခရိုင် တပ်ရင်း ၂၁ ၊ တပ်ရင်း ၂၂ ၊ တပ်ရင်း ၂၃ KLG PDFနှင့် ယင်း မာ ပင် ခရိုင် တပ်မဟာ၊ BLDF၊ ဒေသခံ ပကဖများ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article