30 C
Yangon

ပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ကို ပတ်စ်ပို့ လာဘ်ပေးလာဘ်ယူမှုဖြင့် စစ်ခုံရုံးက ထောင်ဒဏ် ၅ နှစ်ချမှတ်

Must read

ပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ကို ပတ်စ်ပို့ လာဘ်ပေးလာဘ်ယူမှုဖြင့် စစ်ခုံရုံးက ထောင်ဒဏ် ၅ နှစ်ချမှတ်

ရန်ကုန်၊ နိုဝင်ဘာ ၁၀

အကြမ်းဖက်စစ်ကောင်စီက ပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ကို လာဘ်ပေးလာဘ်ယူမှု ကျူးလွန်သည်ဟုဆိုကာ စစ်ခုံရုံးဖြင့် ထောင်ဒဏ် ၅ နှစ်ချမှတ်လိုက်ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

နိုင်ငံကူးလက်မှတ်များ ပြုလုပ်ရာတွင် မလျှော်ဩဇာသုံး၍ လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး လာဘ်ပေးလာဘ်ယူမှုဖြင့် ခွင့်ပြုရန် စေခိုင်းမှု၊ ပြည်ထဲရေးဝန်ကြီးဌာန၏ ဝန်ထမ်းသက်သာ ရန်ပုံငွေ ကို မလျှော်ကန်စွာ သုံးစွဲမှုများဖြင့် စစ်ခုံရုံးက ထောင်ဒဏ် ၅ နှစ်ချ မှတ်လိုက်ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

အဆိုပါ ကိစ္စများတွင် ပါဝင်ပတ်သက်သူများကို အရပ်ဘက်ဝန်ထမ်းများကို နယ်ဘက်တရားရုံးဖြင့်လည်းကောင်း၊ ရဲများကို ရဲတရာရုံးဖြင့်လည်းကောင်း စစ်ဆေး၍ တရားစီရင်မည်ဟု စစ်ကောင်စီက ဆိုသည်။

ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်သည် အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်၏ အဓိက လူယုံတစ်ဦးဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားများကို ဖမ်းဆီး သတ်ဖြတ်ခြင်း၊ ကိုဖြိုးဇေယျာသော်နှင့် ကိုဂျင်မီ အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို ကြိုးပေး ကွပ်မျက်ခြင်း များတွင် အဓိက ဦးဆောင်ခဲ့သူလည်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article