29 C
Yangon

ကိုးကန့်ခရိုင်၊ တုန်းရှမ်းဒေသရှိ တပ်စခန်း ၂ ခုကို ကိုးကန့် MNDAA က ယနေ့ သိမ်းပိုက်ရရှိ၊ လောက်ကိုင်မြို့နယ်ရှိ စစ်စခန်း ၄ ခုကိုလည်း သိမ်းပိုက်ထား

Must read

ကိုးကန့်ခရိုင်၊ တုန်းရှမ်းဒေသရှိ တပ်စခန်း ၂ ခုကို ကိုးကန့် MNDAA က ယနေ့ သိမ်းပိုက်ရရှိ၊ လောက်ကိုင်မြို့နယ်ရှိ စစ်စခန်း ၄ ခုကိုလည်း သိမ်းပိုက်ထား

ရန်ကုန်၊ နိုဝင်ဘာ ၁၀

ရှမ်းပြည်နယ်၊ ကိုးကန့်ခရိုင်၊ တုန်းရှမ်းဒေသရှိ အကြမ်းဖက် စစ်တပ်၏ တပ်စခန်း ၂ ခုကို ကိုးကန့် MNDAA က ယနေ့ သိမ်းပိုက်ရရှိခဲ့​ကြောင်း MNDAA ၏ ပြန်ကြားရေး The kokang က ထုတ်ပြန်ထားသည်။

၁၀၂၇ စစ်ဆင်ရေး Operation ၏ ၁၅ ရက်နေ့မြောက်တွင် ကိုးကန့် MNDAA တပ်ဖွဲ့သည် အကြမ်းဖက် စစ်တပ်၏ တပ်စခန်းအကြီးအသေး၊ ယာယီတပ်စခန်း စုစုပေါင်း ၁၃၃ ခုကို အောင်မြင်စွာသိမ်းပိုက်ထားကြောင်း သိရသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်တွင် ကိုးကန့် MNDAA သည် တုန်းရှမ်းဒေသ ၊ တာတုန်းနေရာရှိ အကြမ်းဖက် စစ်တပ် စခန်းကို ဒရုန်းဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နံနက် ၆ နာရီ ၃၀ မိနစ်တွင် သိမ်းပိုက်နိုင်ခဲ့​ပြီး စခန်းထဲရှိ စစ်ကောင်စီ တပ်သား များလည်း ထွက်ပြေးသွားကြောင်း သိရှိရသည်။

နံနက် ၈ နာရီခန့်တွင် ကိုးကန့် MNDAA တပ်ဖွဲ့သည် ရှီယွင်ကြည်ရွာအနီး၊ လောက်ချွင်ပုနေရာကို ရှေ့တိုးလာပြီး ထွက်ပြေးနေသော ကိုးကန့် ပြည်သူ့စစ်များကို ဝန်းရံတိုက်ခိုက်ကာ နံနက် ၈ နာရီ ၂၀ မိနစ်တွင် လောက်ချွင်ပုစခန်းကိုလည်းသိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ နိုဝင်ဘာလ ၉ ရက်နေ့က ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ကိုးကန့် စစ်ကြောင်းသည် လောက်ကိုင်ဝန်းကျင် ရှီယွင်ကြည်ရွာ၊ ရှီရှမ်ဒေသ ၊ တာရွှေထန်အုပ်စုနှင့် မန်လော်အုပ်စုရှိ အကြမ်းဖက် စစ်တပ် စခန်းများကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၉ ရက်နေ့ နံနက် ၄ နာရီခန့်တွင် ကိုးကန့် (MNDAA) တပ်ဖွဲ့ သည် ရှီယွင်ကြည်ရွာအနီး ဟဲ့ဟုတ်တောင်ကုန်းရှိ အကြမ်းဖက် စစ်တပ်စခန်းကို လေကြောင်းဖြင့် ဗုံးပစ်ချ တိုက်ခိုက်ပြီး တပြိုင်နက်တည်း ခြေလျင်တပ်ဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ နံနက် ၈ နာရီခန့်တွင် စစ်တပ် ဗျူဟာကုန်း၏ အနောက်တောင်ကုန်းရှိ တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး နံနက် ၉ နာရီ ၁၀ မိနစ်ခန့်တွင် ဟဲ့ဟုတ်တောင်ကို စတင်ထိုးစစ်တိုက်ခိုက်ခဲ့ပြီး အဓိက စခန်းနှင့် တွဲဖက်စခန်းများကို တိုက်ခိုက်ကာ မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်တွင် အပြီးသိမ်းပိုက်ခဲ့ကြောင်းသိရသည်။

မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် ကိုးကန့် MNDAA တပ်ဖွဲ့သည် ကိုးကန့် ပြည်သူ့စစ် မင်ရှယ်ချန်အဖွဲ့ ၏ ရှီယွင်ကြည်ရွာအနီးရှိ စခန်းကို ထိုးစစ်တိုက်ခိုက်ကာ ၁၂ မိနစ် အကြာတွင် သိမ်းယူနိုင်ခဲ့ကြောင်း သိရှိရသည်။

ယင်းနေ့ နံနက် ၇ နာရီခန့်ကလည်း ကိုးကန့် MNDAA တပ်ဖွဲ့သည် ယခင်ရက်ပိုင်းက တိုက်ခိုက် သိမ်းပိုက်ထားသော ရှောက်ထောင် ကျိုင့်ရွာ၏ ဘယ်ဘက်ခြမ်းရှိ အမည်မသိတောင်ကုန်းတစ်ခုကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မွန်းလွဲ ၃ နာရီ ၅ မိနစ်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ကိုးကန့် MNDAA တပ်ဖွဲ့သည် ကြည်ရှမ်းရွာ၌ တပ်စွဲထားသော စစ်တပိစခန်းကို လက်နက်ကြီးအမြောက် ဖြင့်ဦးစွာ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နံနက် ၃ နာရီ ၃၀ မိနစ်တွင် ခြေလျင်တပ်ဖြင့် တိုက်ခိုက်ခဲ့ရာ မွန်းလွဲ ၃ နာရီခန့်တွင် ကြည်ရှမ်းစခန်းကို သိမ်းပိုက်ရရှိကာ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၃ သေဆုံးကာ ၁ ဦး ဖမ်းဆီရရှိကာ လက်နက် ခဲယမ်း တချို့သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

အလားတူ ယင်းနေ့ နံနက် ၃ နာရီ ၃၀ မိနစ်တွင် ကိုးကန့် MNDAA တပ်ဖွဲ့သည် ရန်ခန့်နေရာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စခန်းကို လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ပြီး နံနက်အချိန်တွင် ခြေလျင်တပ်ဖြင့် ၁ ကြိမ်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် နံနက် ၃ နာရီ ၃၀ မိနစ်တွင် ကိုးကန့် MNDAA တပ်ဖွဲ့သည် လန့်ချောင်နေရာ၌ တပ်စွဲထားသော စစ်တပ် စခန်းကိုလည်း လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်တပ်က တိုက်လေယာဉ်ဖြင့် ၇ ကြိမ်လာရောက် ဗုံးကျဲ ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ကိုးကန့် MNDAA တပ်ဖွဲ့သည် နံနက် ၇ နာရီ ၂၀ မိနစ်တွင် ရှောက်ပယ်အိုင်ရှိ စစ်တပ် စခန်းကို သိမ်းပိုက်ခဲ့ကြောင်း၊ ၎င်းစခန်းရှိ အကြမ်းဖက် စစ်‌ကောင်စီ တပ်ဖွဲ့ဝင်များ ထွက်ပြေးသွားကြောင်း၊ နံနက် ၉ နာရီခန့်တွင် ကိုးကန့် MNDAA တပ်ဖွဲ့သည် ဖုန်ချွေတောင်ဘက်ကို ချီတက်စဉ် ဟွာရှိပန်ဘက်မှ ရှောက်ပယ်အိုင်ကို လာရောက် စစ်ကူပေးမည့် ကိုးကန့် ပြည်သူ့စစ်အဖွဲ့ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ နံနက် ၉ နာရီ ၂၅ မိနစ်တွင် တိုက်ပွဲ ပြီးဆုံးပြီး ပြည်သူ့စစ် အဖွဲ့ဝင် ၁၁ ဦးသေဆုံးကာ ကား ၃ စီး ဖျက်ဆီးခဲ့ပြီး ၃ ဦး ထိခိုက် ဒဏ်ရာရှိကာ ထွက်ပြေးသွားပြီး လက်နက်ခဲယမ်းအချို့လည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article