30 C
Yangon

ရေစကြိုမြို့၊ ငြိမ်းဇာနည် ရဲစခန်းကို တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံး၊ ရေတာရှည်နှင့် ပခုက္ကူတို့တွင် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု ၅ ဦးသေဆုံး

Must read

ရေစကြိုမြို့၊ ငြိမ်းဇာနည် ရဲစခန်းကို တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံး၊ ရေတာရှည်နှင့် ပခုက္ကူတို့တွင် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု ၅ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁၀

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်ရှိ ငြိမ်းဇာနည်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်‌ကောင် စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး စခန်းသိမ်းခါနီးမှ စစ်ကူများရောက်ရှိလာသဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရ ကြောင်း Myingyan Balck Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ယနေ့ နိုဝင်ဘာလ ၁၀ ရက် နံနက် ၉ နာရီခန့်က ရေစကြိုမြို့၊ ငြိမ်းဇာနည် (စစ်မှုထမ်းဟောင်းရုံး)ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၂ နာရီခန့်အကြာအပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ပြီး စခန်းတစ်ခုလုံးကို စီး နင်းနိုင်ခဲ့ကာ အလံတိုင်ဖြုတ်ချနေသည့်အချိန်ရောက်မှ စစ်ကူများရောက်ရှိသဖြင့် ပြန်လည်ဆုတ်ခွာခဲ့ ရကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား၊ ပျူ နှစ်ဦးသေဆုံးပြီး ထွက်ပြေးသွားသူများ လည်းရှိကြောင်း သိရသည်။

“သူတို့ရဲ့ အလံတိုင်တောင် ဖြုတ်ချနေပါပြီ၊ ငြိမ်းဇာနည်စခန်းက နှစ်ထပ်တိုက်ဆိုတော့ အောက်ကလူ တွေကမရှိတော့ဘူး၊ အကုန်ပြေးကုန်ပြီ၊ ၅ ယောက်လုံးပြေးတာ၊ နှစ်ယောက်က အဲနားမှာ ပွဲချင်းပြီးသေ တာ၊ အပေါ်ထပ်တစ်ခုပဲ ကျန်တော့တဲ့အနေအထားတစ်ခုမှာ နောက်က စစ်ကူက ရောက်လာတဲ့ အတွက် ရင်နာနာနဲ့ ပြန်ဆုတ်ပေးလိုက်ရတာ၊ နောက်ပိုင်းက အာပီဂျီကလည်း ပစ်မရတဲ့ အနေအထား ဖြစ်သွားတာပေါ့၊ အိမ်ကြိုအိမ်ကြားတွေထဲကနေ တက်လာတာ၊ ရုံးပေါင်းစုံကအဖွဲ့တွေရော၊ ဘယ်နေ တက်တဲ့ကောင်တွေရောလည်းမသိဘူး၊ နှစ်ကြောင်းတက်လာတာ၊ ကျနော်တို့တိုက်တာက ငြိမ်းဇာနည် စခန်းကို အဓိကထားပြီးတိုက်တာ၊ ကျန်တဲ့ဟာက လမ်းဖြတ်လောက်ပဲ တိုက်တာ၊ ဒါပေမယ့် ဒီနေ့မှာပဲ အခြားအဖွဲ့တွေက ရေစကြိုမြို့ အနောက်ဘက်ခြမ်းတွေကိုတိုက်တာတွေလည်းရှိပါတယ်” ဟု Myingyan Balck Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို Myingyan Balck Tiger ၊ YSO TPG မြိုပြပြောက်ကျားတပ်ဖွဲ့၊ Popa Production & Guerilla Force (PPGF)၊ မြောင်တပ်ပေါင်းစုနှင့် Thway Thauk Revolution Force တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး MBTတပ်ဖွဲ့မှ ရဲဘော် ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်မှ ညနေ ၃ နာရီ ၁၅ မိနစ်ခန့်တွင် ရေလယ် ကျွန်းဒေသနှင့် မြောင်မြို့နယ်ကြားရှိ တနေရာကို ဂျက်ဖိုက်တာဖြင့် လာရောက်ပစ်ခတ်ခဲ့ရာ မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး MBTတပ်ဖွဲမှ ရဲဘော်တစ်ဦး အပါအဝင် အခြားထိခိုက်ဒဏ်ရာရမှုလည်း ရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ညောင်ပင်ကုန်းကျေးရွာအနီးတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးခဲ့ကြောင်း တောင်ငူခရိုင်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ယမန်နေ့ နိုဝင်ဘာလ ၉ ရက် နံနက် ၈ နာရီမိနစ် ၄၀ ခန့်က ရေတာရှည်မြို့နယ်၊ မိချောင်းအိုင် ကျေးရွာ အုပ်စု ၊ ရွှေသောင်ရွာသစ် မှ ခရိုင်ချင်းဆက်လမ်းအတိုင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းကို ညောင်ပင်ကုန်းအရောက်တွင် စတင်တိုက်ခိုက်ရာ ၄၅ မိနစ်အကြာ တိုက် ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်တပ်မှ ရှေပြေးစစ်သား ၅ ဦး သေဆုံးကာ ဒဏ်ရာအချို့ရရှိခဲ့ကြောင်း သိရ သည်။

အဆိုပါတိုက်ခိုက်မှုကို ပုဝါနီစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးအင် အားစုဘက်မှ အထိအခိုက်မရှိ အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူ-ရေစကြိုလမ်းပေါ်တွင် တားမြစ်ချက်ကို လိုက်နာခြင်းမရှိကား တစ်စီးကိုမိုင်းဆွဲကာ အရပ်ဝတ်ဖြင့် ရှေ့ပြေးလာသော ရဲတစ်ဦးလိုက်လံပစ်ခတ်ခဲ့ကြောင်း Young Force – UG တပ်ဖွဲ့ထံမှ သိရသည်။

နိုဝင်ဘာလ ၇ ရက် နေ့တွင် သတိပေးထားမြစ်ထားသော်လည်း လိုက်နာခြင်းမရှိသော ကားတစ်စီးကို သတိပေးသည့် အနေဖြင့် မိုင်းဆွဲခဲ့ကြောင်း၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် မှန်ချမောင်းနှင်ခြင်းမရှိသော မသင်္ကာဖွယ်ရာ ကားတစ်စီး ကိုလည်းကောင်း မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားမှာ ပျက်စီးသွားပြီး မြို့ထဲမှ ကားဖြင့် လာရောက်ဆွဲယူသွားကြောင်း သိရသည်။

ယနေ့နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ပခုက္ကူမြို့မှ ရေစကြိုမြို့ဘက်သို့ အရပ်ဝတ်ဖြင့် ရှေ့ပြေးထွက်လာ သော ရဲတစ်ဦးကို အရှင်ဖမ်းဆီးရာ ထွက်ပြေးသွားပြီး လိုက်လံပစ်ခတ်သော်လည်း လွတ်မြောက်သွား ကြောင်း၊ ထိုသို့ ပစ်ခတ်ခံရသဖြင့် မြို့ထဲမှာ လာကြိုသော ကား ၂ စီးမှာ လိုက်မလာရဲဘဲ မြို့အထွက် မြို့ဖေဆီဆိုင်အနီးသို့ ရစ်သီ ရစ်သီလုပ်နေသဖြင့် မိုင်း ၃ လုံးဖောက်ခွဲ သတိပေးခဲ့ရာ ရဲများအားလုံး ကားပေါ်သို့ တက်ပြေးပြီး မြို့ထဲသို့ ချက်ချင်းပြန်ဝင်ပြေးသွားကြောင်း သိရသည်။

ပခုက္ကူ-ရေစကြို ကားလမ်းပိုင်းအသုံးပြုမည့် မိဘပြည်သူများအနေ ဖြင့် ထုတ်ပြန်ထားသော စည်းကမ်း ချက်များကို လိုက်နာပေးကြရန် Young Force – UG အဖွဲ့က ထပ်မံအသိပေးထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article