35 C
Yangon

သီပေါမြို့ပေါ်တွင် စစ်ကောင်စီ ဌာနဆိုင်ရာ ဝန်ထမ်းများအားလုံး မရှိတော့ဘဲ ထွက်ပြေး၊ သီပေါမြို့နယ်၏ ၃ ပုံ ၂ ပုံခန့်ကို TNLA တပ်များက စိုးမိုးထား

Must read

သီပေါမြို့ပေါ်တွင် စစ်ကောင်စီ ဌာနဆိုင်ရာ ဝန်ထမ်းများအားလုံး မရှိတော့ဘဲ ထွက်ပြေး၊ သီပေါမြို့နယ်၏ ၃ ပုံ ၂ ပုံခန့်ကို TNLA တပ်များက စိုးမိုးထား

■ သိန္နီ-လားရှိုး- သီပေါ လမ်းပေါ်ရှိ စစ်ကောင်စီ၏ ရေပူစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထား

ရန်ကုန်၊ နိုဝင်ဘာ ၁၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ မြို့ပေါ်ရှိ စစ်ကောင်စီ ဌာနဆိုင်ရာ ရုံးများတွင် ဝန်ထမ်းများ တစ်ဦးမှ မရှိတော့ဘဲ အားလုံး ထွက်ပြေးတိမ်းရှောင်သွားပြီဖြစ်ကြောင်း သီပေါမြို့မှ ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့မှစတင်၍ သီပေါမြို့နယ်ကို TNLA တပ်များက စတင်တိုက်ခိုက်ခြင်းဖြစ်ပြီး နိုဝင်ဘာလ ၁၃ ရက်နေ့ကတည်းက သီပေါမြို့ပေါ်ရှိ ဌာနဆိုင်ရာ ရုံးများ ၊ ရဲစခန်းများတွင် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ရဲများမရှိတော့ဘဲ တချို့ ထွက်ပြေး တိမ်းရှောင်ကြကြောင်း၊ တချို့မှာမူ စစ်ကောင်စီ၏ တပ်ရင်းတပ်ဖွဲ့များတွင် သွားရောက် ပူးပေါင်း နေထိုင်ကြ ကြောင်း သိရှိရသည်။

“ထွေ/အုပ်ရုံး၊ လ၀ကရုံးနဲ့ အခြားဌာနဆိုင်ရာ ရုံးတွေမှာ လူမရှိတော့ဘူး။ တချို့ရုံးတွေတော့ အစောင့်ရှိသေးတယ်။ TNLA က သီပေါမြို့အဝင်အထွက်တင်မကတော့ဘူး မြို့ရဲ့ ၃ ပုံ ပုံရင် ၂ ပုံလောက်ကို စိုးမိုးထားတယ်။ အင်အားက အတော်များတာ။ မြို့ပေါ်မှာ အခုလက်ရှိ ဌာနဆိုင်ရာဝန်ထမ်းတွေ တစ်ယောက်မှမရှိတော့ဘူး” ဟု သီပေါမြို့မှ ပြည်သူ တစ်ဦးက ပြောဆိုသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့တွင် သီပေါမြို့နယ်နှင့်ကျောက်မဲမြို့နယ်အကြားရှိ ကျင်သီတံတားကို မိုင်းခွဲခဲ့သဖြင့် တံတားမှာ လုံး၀ အသုံးပြု၍ မရနိုင်သည်အထိ ပျက်စီးသွားပြီး သီပေါ မြို့အဝင်အထွက် လမ်းပန်းဆက်သွယ်ရေး ခက်ခဲလျက်ရှိကြောင်း သည်။

အခြားတစ်ဖက်တွင်လည်း လားရှိုး- သီပေါလမ်း၊ သီပေါ-ကျောက်မဲလမ်းပိုင်းများတွင် TNLA တပ်များက စိုးမိုးထားကြောင်း၊ သိန္နီ- လားရှိုး – သီပေါလမ်းပေါ်ရှိ ရေပူ အမြဲတမ်းစစ်ဆေးရေးဂိတ်ကိုလည်း နိုဝင်ဘာလ ၁၁ ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့များ က သိမ်းပိုက်ရရှိထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article