28 C
Yangon

နေပြည်တော်တွင် ဌာနဆိုင်ရာ ဝန်ထမ်းများပါဝင်သော လုံခြုံရေး တပ်ခွဲများ နှစ်ရက်အတွင်း အမြန် ဖွဲ့စည်းထားရန် စစ်ကောင်စီက လျှို့ဝှက် ညွှန်ကြား

Must read

နေပြည်တော်တွင် ဌာနဆိုင်ရာ ဝန်ထမ်းများပါဝင်သော လုံခြုံရေး တပ်ခွဲများ နှစ်ရက်အတွင်း အမြန် ဖွဲ့စည်းထားရန် စစ်ကောင်စီက လျှို့ဝှက် ညွှန်ကြား

■ နေပြည်တော်ကို တိုက်ခိုက်လာနိုင်မှုများအတွက် စစ်တပ်က ကြိုပြင်ဆင်

ရန်ကုန်၊ နိုဝင်ဘာ ၁၆

အကြမ်းဖက်စစ်ကောင်စီ အခြေစိုက်ရာ နေပြည်တော်တွင် ဌာနဆိုင်ရာ ဝန်ထမ်းများအားလုံးပါဝင်သော တပ်ခွဲများ နှစ်ရက်အတွင်း အမြန်ဖွဲ့စည်းရန် စစ်ကောင် စီ က လျှို့ဝှက် ညွှန်ကြားလိုက်ကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၁၅ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်သော စစ်ကောင်စီ၏ လျှို့ဝှက် ညွှန်ကြားချက်တွင် ဌာနအလိုက် ဖောင်ကြီး နိုင်ငံ့ဝန် ထမ်း တက္ကသိုလ် တက်ရောက်ပြီးသော ဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်းများကို အခြေခံ၍ တပ်ခွဲ ၂ ခွဲ ဖွဲ့စည်းထားရန်၊ လုံခြုံရေးနှင့် သဘာ၀ဘေးအန္တရာယ်အတွက် လိုအပ်ပါက တပ်ခွဲ တစ်ခွဲသည် ရုံးပြင်ပထွက်၍ တာဝန်ထမ်းဆောင်ရန်၊ ကျန်တပ်ခွဲ တစ်ခွဲသည် ပုံမှန်ရုံးလုပ်ငန်းနှင့် အုပ်ချုပ် ထောက်ပံ့မှု လုပ်ငန်းများကို အရှိန်အဟုန် မပျက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း လျှို့ဝှက် ညွှန်ကြားချက်တွင် ဖော်ပြထားသည်။

လတ်တလော အခြေအနေအရ ရုံးဌာနအလိုက် ဖွဲ့စည်းထားသော တပ်ခွဲ ၂ ခွဲကို ဌာနဆိုင်ရာ အကြီးအကဲများက ကွပ်ကဲရန်နှင့် တပ်ခွဲ ၂ ခွဲ ဖွဲ့စည်းမှုကို ပူးတွဲပါအတိုင်း ပြုစု၍ နိုဝင်ဘာလ ၁၇ ရက်နေ့ အရောက် မပျက်မကွက် ပေးပို့ တင်ပြရန် လျှို့ဝှက် ညွှန်ကြား လာခြင်းဖြစ်ကြောင်း သိရှိရသည်။

“အခု မြို့သိမ်းတိုက်ပွဲတွေဖြစ်လာတော့ ဝန်ထမ်းတွေလည်း တပ်ခွဲ တွေမှာပါဝင်ပြီး လုံခြုံရေးတပ်ခွဲတွေမှာ တိုက်ခိုက်ရေးအနေနဲ့ တိုက်ခိုက်ဖ်ို့၊ တိုက်ပွဲကြောင့် မိသားစုဝင်တွေ ရွှေ့ပြောင်းရေး ကယ်ဆယ်ရေး လုပ်ဖို့၊ နောက်တစ်တပ်ခွဲက တော့ ရုံးယန္တရားကို ဆက်လည်ပတ်နေအောင်ပါတယ်။ ပြင်ပ တာဝန်ထမ်းဆောင် မယ့် တပ်ခွဲ မှာ အမျိုးသားတွေ အများစုပါမယ်လို့သိရတယ်။ ရုံးဌာနတွေကို လည်ပတ်မယ့် တပ်ခွဲမှာတော့ အမျိုးသမီးတွေကို ဦးစားပေး ပါဝင်မယ်လို့ သိရတယ်။ စစ်တပ်ပုံစံ ဖွဲ့စည်းခိုင်းတယ်။ တိုက်ပွဲတွေဖြစ်လာရင်တော့ အဲဒီတပ်ခွဲတွေက စစ်တပ်ရဲ့ ကွပ်ကဲမှု အောက်ရောက်သွားမယ်လို့ သိရတယ်” ဟု နေပြည်တော် အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article