29 C
Yangon

လောက်ကိုင်မြို့တွင် စစ်ဘေးရှောင် ကား ၁ စီးကို ဒုံးကျည်ထိမှန်ပြီး လူထိခိုက်သေဆုံးမှုရှိ၊ စစ်ကောင်စီတပ်၏ လောက်ကိုင်ဒကစ က ပစ်ခတ်သော လက်နက်ကြီးဒုံးကျည်ဟု MNDAA ပြန်ကြားရေးတာဝန်ခံပြော

Must read

လောက်ကိုင်မြို့တွင် စစ်ဘေးရှောင် ကား ၁ စီးကို ဒုံးကျည်ထိမှန်ပြီး လူထိခိုက်သေဆုံးမှုရှိ၊ စစ်ကောင်စီတပ်၏ လောက်ကိုင်ဒကစ က ပစ်ခတ်သော လက်နက်ကြီးဒုံးကျည်ဟု MNDAA ပြန်ကြားရေးတာဝန်ခံပြော

ရန်ကုန်၊ နိုဝင်ဘာ ၂၂

ရှမ်းပြည်နယ်၊ မြောက်ပိုင်း၊ လောက်ကိုင်မြို့အနီး၊ တုံချိန်အရပ်တွင် စစ်ဘေးရှောင် ကား ၁ စီး ဒုံးကျည်ထိမှန်ပြီး လူထိခိုက်သေဆုံးမှုရှိကြောင်း စစ်ဘေးရှောင်ပြည်သူများထံမှ သိရှိရသည်။

နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်တွင် လောက်ကိုင်မြို့ရှိ တုံချိန်အရပ်တွင် လက်နက်ကြီးဒုံကျည်ကျရောက်ပြီး စစ်ဘေးရှောင် ပြည်သူများ လိုက်ပါလာသည့် ကား ၁ စီးကို ထိမှန်ခဲ့ကြောင်း၊ ထိခိုက်သေဆုံးမှုရှိကြောင်း သိရှိရသည်။

” တုံချိန်မြို့ထဲကို ကျတာ လမ်းမှာ ပစ်လို့ဆိုပြီး အိမ်ပြန်မယ့် သူတွေက ပြန်လှည့်လာတာ။ ပြည်လှည့်လာတဲ့ဟာကို ကားကို လာမှန်တာ။ ထိခိုက်သေဆုံးမှုကတော့ရှိတယ်။ ကားက တစ်စီးလုံးကို ပျက်စီးသွားတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

MNDAA ပြန်ကြားရေး တာဝန်ခံ လီကျားဝင်းက အဆိုပါ လက်နက်ကြီးဒုံးကျည်သည် ကိုးကန့်အဖွဲ့က ပစ်ခတ်ခြင်း မဟုတ်ဘဲ လောက်ကိုင်မြို့ရှိ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ)က ပစ်ခတ်ခြင်းဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“ဒီမနက် ပေါက်ကွဲမှုတော့ဖြစ်သွားတယ်။ ဒါက စစ်ကောင်စီဘက်က ပစ်တဲ့ ဒုံးဖြစ်တယ်။ ကျနော်တို့ဘက်က ပစ်တာမဟုတ်ဘူး။ လောက်ကိုင်ဒကစ ပစ်တာဖြစ်တယ်”ဟု လီကျားဝင်းက ပြောဆိုသည်။

လက်ရှိချိန်တွင် လောက်ကိုင်မြို့အတွင်း အစားအသောက်များ ပြတ်လပ်နေပြီး နေရပ်ပြန်မည့် ပြည်သူများအနေဖြင့် အခက်အခဲဖြစ်နေကာ မြို့တွင်းမှ ထွက်ခွာသည့် ပြည်သူများအနေဖြင့် လက်နက်ထိမှန် သေဆုံးမှုများ နေ့စဥ်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article